ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားအတွက် မွန်ပြည်နယ်အစိုးရ ကျပ်သိန်း ၅၅၀ ထောက်ပံ့

0
503

မွန်ပြည်နယ်အတွင်းရှိ ကရင်တိုင်း ရင်းသားများ ကျင်းပသည့် ရိုးရာဝါခေါင် လချည်ဖြူဖွဲ့ (လက်ချည်)မင်္ဂလာ အခမ်း အနားအတွက် ပြည်နယ်အစိုးရမှ ငွေ ကျပ် သိန်း ၅၅၀ ထောက်ပံ့ပေးသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ယင်းထောက်ပံ့ငွေသည် မြို့နယ် အဆင့် အခမ်းအနားအတွက်အပြင် ကျေးရွာ အဆင့်အတွက်လည်း ပါဝင်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်း သားရေးရာဝန်ကြီးထံမှ သိရသည်။

“တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာတွေကို ဖော်ထုတ် ထိန်းသိမ်းတဲ့နေရာမှာ အစိုးရအနေနဲ့ အသိအမှတ်ပြုပေးတာ ကူညီထောက်ပံ့ ပေးတာ လိုပါတယ်”ဟု အထက်ပါဝန် ကြီး စောအောင်မြင့်ခိုင်က ပြောသည်။
ကရင်တိုင်းရင်းသားတို့၏ ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို နှစ် စဉ် ဝါခေါင်လတွင် ကျင်းပလေ့ရှိကြပြီး အနယ်နယ်အရပ်ရပ်တွင် နေထိုင်နေကြ သည့် ကရင်တိုင်းရင်းသားတို့က ဝါ ခေါင်လအတွင်း ၎င်းတို့ အားလပ်သည့် ရက်တစ်ရက်ကို သတ်မှတ်ပြီး ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ရိုးရာမပျက် ကျင်းပလေ့ရှိကြသည်။

မြန်မာနိုင်ငံ ရာသီဥတုအရ ဝါ ခေါင်လတွင် မိုးများပြီး သဘာဝဘေး အန္တရာယ် ကျရောက်လေ့ရှိသဖြင့် ယင်း လတွင် ရှေးကရင်လူကြီးများက ဘေးရန် ကင်းစေရန်အတွက် ချည်ဖြူကို လက် တွင် ပတ်လေ့ရှိကြောင်း သိရသည်။
မွန်ပြည်နယ် ၁၀ မြို့နယ်စလုံး အတွက် တစ်မြို့နယ်လျှင် ကျပ် ၁၅ သိန်း နှုန်း၊ ကျေးရွာအဆင့်အနေဖြင့် ကျေးရွာ ပေါင်း ၁၀၀ ကျော်တို့အတွက် တစ်ရွာ လျှင် ကျပ် ၃ သိန်းခွဲနှုန်းဖြင့် ထောက်ပံ့ ပေးခဲ့သည်။

ပြည်နယ်အတွင်း ကျင်းပသည့် ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားများအ တွက် ယမန်နှစ်ကစပြီး ပြည်နယ်အစိုး ရက ငွေကြေးထောက်ပံ့ပေးခဲ့သည်ဟု ကရင်တိုင်းသားရေးရာဝန်ကြီးထံမှ သိရ သည်။
၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာ လထိ (၆) လတာ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ မွန်၊ ကရင်နှင့် ပအိုဝ်း တိုင်းရင်းသားတို့၏ စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းများ တွင် အသုံးပြုရန် မွန်အတွက် ကျပ်သိန်း ၁၀၀၀၊ ကရင်အတွက် ကျပ်သိန်း ၁၅၀၀ နှင့် ပအိုဝ်းအတွက် ကျပ်သိန်း ၁၀၀၀ ထောက်ပံ့ပေးထားသည်။

မွန်ပြည်နယ်အတွင်းတွင် မြို့နယ် ၁၀ မြို့နယ်တို့၌ ကရင်တိုင်းရင်းသားများ နေထိုင်မှုရှိသော်လည်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် အများဆုံးရှိပြီး တစ်ပြည်နယ်လုံးတွင် ကရင်တိုင်းရင်း သား ၃ သိန်းကျော်ရှိသည်ဟု သိရသည်။