အငှားအိမ်ရာတွင် ဝန်ထမ်းများကို ယခုနှစ်အတွင်း ငှားမည်

0
363

ထားဝယ်မြို့ ပိန္နဲတောရပ်ကွက်တွင် ဆောက်လုပ်ထားသည့် အငှားအိမ်ရာ ၌ နိုင်ငံ့ဝန်ထမ်းများကို ယခုနှစ် အတွင်း နေရာချထားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြို့ရေးဦးစီးဌာန တနင်္သာရီ တိုင်းဒေသကြီး ဦးစီးမှူးဒေါ်ခင်မိမိထွေး က ပြောသည်။
အဆိုပါ ရပ်ကွက်ရှိ ၆ ခန်းတွဲ ၄ ထပ် အဆောက်အအုံ လေးလုံးအနက် အဆောက်အအုံတစ်လုံးတွင် နေရာချ ထားမည်ဖြစ်ပြီး အခန်းလိုအပ်သည့် နိုင်ငံ့ဝန်ထမ်း ၅၀ နီးပါး၏ လျှောက် လွှာများ လက်ခံရရှိထားကြောင်း တိုင်း ဒေသကြီးဦးစီးမှူး ဒေါ်ခင်မိမိထွေးက ဆိုသည်။

အဆိုပါ အငှားအိမ်ရာ ၅ လုံး အနက် နိုင်ငံ့ဝန်ထမ်းများကို အဆောက် အအုံ ၁ လုံး (၂၄ ခန်း) ကို ငှားမည်ဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းများကို ငှားရန် အငှားအိမ်ရာနေရာချထားပေးရေးအဖွဲ့ ဖွဲ့စည်းရန် ဩဂုတ်လ ၁၀ ရက်က တိုင်း အစိုးရထံ တင်ပြထားကြောင်း ၎င်းက ပြောသည်။
အဖွဲ့ ဖွဲ့ရန်ခွင့်ပြုချက်ရပါက လျှောက်ထားသူများ လက်ရှိနေထိုင်သည့် နေရာများတွင်(အိမ်ပိုင်ရှိ^မရှိ) ကွင်း ဆင်းစစ်ဆေးပြီး ငှားရမ်းတော့မည်ဖြစ် ကြောင်း ဒေါ်ခင်မိမိထွေးက ဆိုသည်။

“ကွင်းဆင်းစစ်ဆေးလို့ ပြီးရင် နေ ရာချထားလို့ရပါပြီ”ဟု ဒေါ်ခင်မိမိထွေး က ပြောသည်။
ငှားရမ်းခွင့်ရပါက တစ်လလျှင် ကျပ် ၃၂၀၀၀ ပေးသွင်းရမည်ဖြစ်ပြီး ၃ လစာ ကြိုတင်ကာ စဘော်ငွေတင် ရမည်ဖြစ်သည်။
ယင်းအပြင် ဝန်ထမ်းအိမ်ရာစည်း ကမ်းချက်များဖြစ်သည့် နိုင်ငံ့ဝန်ထမ်း ပြောင်းရွှေ့ပါက ၂ လအတွင်းဖယ်ပေး ရမည်ဖြစ်ပြီး နုတ်ထွက်ခြင်း၊ ကွယ်လွန် ခြင်းနှင့် အငြိမ်းစားယူပါက ၄ လအတွင်း ဖယ်ပေးရမည်ဖြစ်ကြောင်း တိုင်းဒေသ ကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနထံမှ သိရသည်။

အခန်းခ တစ်လလျှင် ကျပ် ၃၂၀၀၀ နှုန်းမှာ ဝန်ထမ်းလစာနှင့်နှိုင်းယှဉ် ပါက ပမာဏများသည်ဟု ဝေဖန်ပြောဆို မှုများလည်းရှိသည်။