ထားဝယ် OSS ရုံး အလုပ်မဖြစ်ဟု မြို့ခံအချို့ ဝေဖန်

0
455

ထားဝယ်မြို့နယ်တွင် ဖွင့်လှစ်ထား သည့် One Stop Shop  (OSS  ) ရုံးတွင် ဝန်ဆောင်မှုပေးနေသည့် အစိုးရဌာန အချို့၏ လုပ်ငန်းများ အလုပ်မဖြစ် ကြောင်း ထားဝယ်မြို့ခံအချို့ကြား ဝေဖန် ပြောဆိုမှုများရှိလာသည်။
ဌာနအချို့၏ လုပ်ငန်းများ ဝန်ဆောင် မှုပေးရာတွင် ပြီးပြတ်သည့်ကိစ္စနည်း ပါးပြီး ဆုံးဖြတ်ပေးနိုင်မည့်သူမရှိဘဲ လမ်း ညွှန်ပေးသည့် အဆင့်သာရှိနေကြောင်း ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်နိုင်ဦးက ဆိုသည်။
“မေးလို့တော့ရတယ်၊ အခုက စုံ စမ်းမေးမြန်းရန် ဖြစ်နေတယ်၊ ဆုံးဖြတ် ပေးနိုင်မယ့်သူတွေ မထားနိုင်ဘူး”ဟု ဦးအောင်နိုင်ဦးက ပြောသည်။

အဆိုပါOSS  ရုံးတွင် အစိုးရဌာန ဆိုင်ရာ ၁၃ ခုက ဌာနဆိုင်ရာ လုပ်ငန်း တချို့ကို ဝန်ဆောင်မှုပေးနေသည်။
ဌာနဆိုင်ရာအချို့၏ လုပ်ငန်းများ အလုပ်ဖြစ်သော်လည်း ခြုံငုံသုံးသပ်ပါက အလုပ်မဖြစ်ဟု ပြောနိုင်ကြောင်း ထားဝယ်မြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေး မှူးတစ်ဦးက သုံးသပ်သည်။

“အနည်းဆုံးအဆင့် လက်မှတ်ထိုး နိုင်တဲ့ ဒုဦးစီးအဆင့်လောက် ရှိသင့် တယ်၊ ဌာနဆိုင်ရာနဲ့ပတ်သက်ပြီး ရုံး အဖွဲ့တွေလည်း ပြည့်ပြည့်၀၀ရှိသင့် တယ်”ဟု အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေး မှူးက ပြောသည်။
လက်ရှိတွင် OSS   ရုံးမှတစ်ဆင့် မူရင်းဌာနရုံးများတွင် ပြန်လုပ်နေရသည့် လုပ်ငန်းက များနေကြောင်း ၎င်းကဆို သည်။
OSS  ရုံးတွင် ထောက်ခံချက်ယူခြင်း ကဲ့သို့ လုပ်ငန်းများက ချက်ချင်းရနိုင် သော်လည်း လုပ်ငန်းအချို့က သဘော သဘာဝအရ အချိန်ကြာနိုင်ကြောင်း ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက ဆိုသည်။
“ကြာတယ်ဆိုတာက ပြန်ချိန်းရ တာရှိတယ်၊ ချက်ချင်းမရတော့ ပြန်ချိန်း ရတာရှိတယ်”ဟု ဦးအောင်ဆန်းဝင်းက ပြောသည်။
ဥှ ရုံးကို ၂၀၁၅ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်ထိ ဝန်ဆောင် မှုပေါင်း ခြောက်သောင်းကျော်ကို လုပ် ပေး ခဲ့ ကြောင်း ၎င်းက ဆိုသည်။

OSS  ရုံးရှိ ဌာန ၁၃ ခုအနက် ကညနဌာနနှင့် အာမခံရုံးတို့တွင်သာ ဆိုင်ကယ်သက်တမ်းတိုးသူများဖြင့် စည် ကားနေပြီး ကျန်သည့်ဌာနများတွင် လာ ရောက်လုပ်ဆောင်သူ မရှိသလောက် နည်းပါးသည်။
ဩဂုတ်လ ၁၆ ရက် နေ့လယ် ၁၁ နာရီခွဲခန့်က တနင်္သာရီအပတ်စဉ်က သွားရောက်စုံစမ်းချိန်တွင် ဥှ ရုံးရှိ ဌာန ၁၃ ခုအနက် ငါးလုပ်ငန်းဦးစီးဌာန၊ လျှပ်စစ်၊ မီးသတ်နှင့် ရဲတပ်ဖွဲ့တို့၏ ဝန်ဆောင်မှုပေးသည့် ကောင်တာတို့တွင် ဝန်ထမ်းများကို မတွေ့ရပေ။