တိုင်းအစိုးရခွင့်ပြုချက်ရပါက အခွန်တံဆိပ်ခေါင်းမကပ်သည့် အရက်၊ စီးကရက်များဖမ်းမည်

0
381

အခွန်တံဆိပ်ခေါင်း မကပ်သည့် အရက်၊ စီးကရက်များနှင့် ဝိုင်အမျိုးမျိုး ကို စစ်ဆေးဖမ်းဆီးရန် တိုင်းဒေသကြီး အစိုးရထံ တင်ပြထားပြီး ခွင့်ပြုပါက ချက်ချင်းဖမ်းဆီးသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန တနင်္သာရီ တိုင်းဒေကြီး ဦးစီးမှူး ဦးကျော်ရဲထွန်းက ပြောသည်။

အထူးကုန်စည် စာရင်းဝင်ဖြစ်သည့် အရက်၊ စီးကရက်နှင့် ဝိုင်အမျိုးမျိုးကို စစ်ဆေးရန် ဇူလိုင်လ ၃၁ ရက်နေ့က တိုင်းအစိုးရထံ တင်ပြထားကြောင်း ဦးကျော်ရဲထွန်းက ဆိုသည်။
“တိုင်းအစိုးရက ခွင့်ပြုပြီဆိုတာနဲ့ ဆက်လုပ်သွားမယ်”ဟု ၎င်းက ပြောသည်။
အခွန်အမှတ်တံဆိပ်မကပ်ထား သည့် အရက်၊ စီးကရက် နှင့် ဝိုင် အမျိုးမျိုးနှင့် တရားမဝင်တင်သွင်းထား သည့် အရက်၊ ဘီယာအမျိုးမျိုးကို ရှာ ဖွေသိမ်းဆည်းအရေးယူရန် သက်ဆိုင် ရာမြို့နယ် အခွန်ဦးစီးမှူး ပါဝင်သည့် စစ်ဆေးရေးအဖွဲ့များကို ယမန်နှစ် စက်တင်ဘာလကတည်းက ဖွဲ့စည်းထား သည်။

အခွန်တံဆိပ်မကပ်သည့် အဆိုပါ ပစ္စည်းများနှင့် တရားမဝင်တင်သွင်းထား သည့် အရက်၊ ဘီယာများကို ရောင်းချ ကြောင်း စစ်ဆေးတွေ့ရှိပါက အထူး ကုန်စည်ခွန်ဥပဒေအရ ပစ္စည်းများသိမ်း ဆည်းမည့်အပြင် ကုန်ပစ္စည်းတန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းကို ဒဏ်ငွေအဖြစ် ပေး ဆောင်ရမည်ဖြစ်ကြောင်း အထက်ပါရုံး ထံမှ သိရသည်။
စီးကရက်အမျိုးမျိုး၊ အရက်၊ သစ် လုံး၊ သစ်ခွဲသား၊ ကျောက်စိမ်း နီလာ အစရှိသည့် ပစ္စည်းအမျိုးအစား ၁၇ မျိုးက အထူးကုန်စည်ခွန်အုပ်စုတွင် အကျုံးဝင်ပြီး ပစ္စည်းအမျိုးအစားအပေါ် မူတည်ကာ ၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင် နှုန်းအထိ အခွန် ကောက်ခံသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်တွင် တိုင်းအတွင်း အထူးကုန်စည်ခွန် အဖြစ် ငွေကျပ် ၄၇၂၃ သန်း ရရှိခဲ့ ကြောင်း အထက်ပါရုံးထံမှ သိရသည်။
ယင်းပစ္စည်းများ အခွန်တံဆိပ် ခေါင်းမကပ်ဘဲ ရောင်းချသည်ကို သတင်းပေးတိုင်ကြားသူအား ဒဏ်ကြေး ကောက်ခံရရှိသည့် ပမာဏအတွင်းမှ ၂၀ ရာခိုင်နှုန်းနှင့် ဖမ်းဆီးပေးသည့်အဖွဲ့ အား ၃၀ ရာခိုင်နှုန်း ဆုကြေးပေးမည်ဖြစ် ကြောင်း ပြည်ထောင်စု အခွန်ကောက် ဥပဒေတွင် ဖော်ပြထားသည်။