မုန်တိုင်းကြောင့် မိုးကြီးပြီး မြေပြိုနိုင်ကြောင်း မိုးဇလ သတိပေး

0
351

ဘီဘင်ကာမုန်တိုင်းအရှိန်ကြောင့် ဩဂုတ်လ ၁၇ ရက်နေ့မှ နောက်သုံး ရက်အတွင်း တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးကြီးနိုင် ပြီး မြေပြိုမှုများရှိနိုင်ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဩဂုတ်လ ၁၇ ရက်နေ့တွင် သတိပေး ထုတ်ပြန်ထားသည်။

ယင်းအပြင် လေပြင်းတိုက်ခတ် ခြင်း၊ ရုတ်တရက် ရေကြီး၊ ရေလျှံခြင်း များ ဖြစ်ပေါ်လာနိုင်သဖြင့် ကုန်းမြင့်များ တွင်နေထိုင်သူများ၊ မြစ်၊ ချောင်းများအနီးတွင်နေထိုင်သူများ ကြိုတင်သတိပြု နေထိုင်ကြရန် ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ဘီဘင်ကာမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များနှင့် ဘင်္ဂလားပင်လယ်အော်တွင် အားကောင်း သည့် လေဖိအားနည်းရပ်ဝန်းတို့ တပြိုင် နက် ဖြစ်ပေါ်နေသဖြင့် တိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေခြင်းဖြစ် ကြောင်း တနင်္သာရီတိုင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဦးစီး အရာရှိ (ယာယီ) ဦးစိုးသိန်းက ဆိုသည်။
“မိုးများလာရင် မြေကစုပ်ယူမှုများ လာလို့ မြေတွေကပျော့လာပြီး ပဲ့ကျ တယ်။ အဲဒါကြောင့် မြေပြိုတာတို့ ဘာတို့ ဖြစ်နိုင်တယ် “ဟု ဦးစိုးသိန်းက ပြောသည်။

တိုင်းအတွင်း မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် နေရာအချို့တွင် ရေကြီး၊ ရေလျှံ၊ မြေပြိုကျမှုများ ဖြစ်ပွားနေပြီး အချို့နေရာများတွင် လူသေဆုံးမှုများ လည်း ရှိနေသည်။
တိုင်းအတွင်း ဩဂုတ်လ ၁၈ ရက် မှာ ၂၈ ရက်အတွင်း နေ့စဉ်နီးပါး မိုးဆက်တိုက်ရွာသွန်းနိုင်ကြောင်း ထုတ် ပြန်ထားသည်။