စာမရသည့် ကျောင်းသား တစ် ဆယ်ကျော်ကို ဆရာက ကြိုးဖြင့်ရိုက် ဟုဆို

0
779

စာမရသည့် မူလတန်းကျောင်းသား ၁၂ ဦးကို ကျောင်းဆရာတစ်ဦးက ပလပ်စတစ် ကြိုးဖြင့် ရိုက်နှက်ဆုံးခဲ့ ကြောင်း အရိုက်ခံရသည့် ကျောင်းသား အချို့၏ မိဘများနှင့် ဒေသခံများက ပြောသည်။
ရေဖြူမြို့နယ်၊ ကျွဲသုံးညီမကျေးရွာ အုပ်စု ဗျိုက်ကျေးရွာရှိ မူလတန်း(ခွဲ)တွင် ဒုတိယတန်းနှင့် စတုတ္ထတန်း ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးကို ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားများ တွင် ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း အရိုက်ခံရသည့် ကျောင်းသားအချို့၏ မိဘများက ဆိုသည်။

အလူမီနီယံပြတင်းပေါက်များတွင် တပ်ဆင်လေ့ရှိသည့် ပလပ်စတစ်ကြိုး (Liner) ဖြင့် ရိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ဩဂုတ်လ ၅ ရက်က ပထမအကြိမ် ကျောင်းသူ၊ ကျောင်းသား ၁၂ ဦးကို ရိုက်နက်ခဲ့ပြီး နောက်ထပ် နှစ်ရက်ဆက် ကျောင်းသား၊ ကျောင်းသူ နှစ်ဦးကို ထပ်မံရိုက်နှက်ခဲ့သေးကြောင်း အရိုက်ခံ ရသည့် ကျောင်းသားမိဘတစ်ဦးက ပြောသည်။
“သူ(ရိုက်တဲ့ဆရာ) ပြောတာက တော့ ကျွန်မသမီးကိုတော့ စာမရလို့ရိုက် တယ်ဆိုပြီးပြောတယ်။ ကျန်တဲ့ ကျောင်း သားတွေကို ရိုက်ထားတာကလည်း လက်မောင်းတွေ ကွဲတဲ့သူကကွဲနေကြ တယ်”ဟု ၎င်းကဆိုသည်။
ယင်းကဲ့သို့ ရိုက်နှက်ခဲ့သည့် ကျောင်းဆရာအား ကျောင်းပြောင်းပေး ရန် အရိုက်ခံရသည့် ကျောင်းသားမိဘ အချို့က လိုလားနေကြောင်း ၎င်းကပြော သည်။

ကျောင်းသား ၁၂ ဦးကို ရိုက်နှက် ခဲ့ခြင်းမဟုတ်ဘဲ နှစ်ဦးကိုသာ ရိုက်နှက် ခဲ့ခြင်းဖြစ်ပြီး တမင်တကာ နာကျင်စေ လို့သည့် ရည်ရွယ်ချက်ဖြင့် ရိုက်နှက်ခဲ့ ခြင်းမဟုတ်ကြောင်း ကျောင်းသားများကို ရိုက်နှက်ခဲ့သည့် မူလတန်းပြဆရာ ဦးမောင်မောင်က ပြောသည်။
အိမ်စာ လုပ်ရန် အကြိမ်ကြိမ် နှုတ် ဖြင့် ဆုံးမသော်လည်း လိုက်နာခြင်းမရှိ သောကြောင့် ရိုက်ခဲ့မိခြင်းဖြစ်ပြီး အရိုက် ခံရသည့် ကျောင်းသားမိဘများကိုလည်း ရပ်ရွာလူကြီးများရှေ့တွင် တောင်းပန် ထားပြီးဖြစ်ကြောင်း ဦးမောင်မောင်က ပြောသည်။
“ကျွန်တော်တို့လည်း ဇွဲနဲ့ ဝိရိယနဲ့ ကြိုးစားပြီးသင်ပေးတယ်။ မိဘတွေကို လည်း ကျောင်းသားတွေအခြေအနေကို ရှင်းပြပေးတယ်။ မိဘတွေကိုယ်တိုင် ကလည်း အာရုံမဝင်စား။ အဲဒီတော့ မလို လားအပ်တဲ့ ပြဿနာတွေကို ကျူးလွန်မိ သွားတာပေါ့နော်၊ ရိုက်မိသွားတာပေါ့ နော်”ဟု ၎င်းကဆိုသည်။

ကျောင်းသူ၊ ကျောင်းသားများအား လက်ဖြင့်သော်လည်းကောင်း၊ တုတ်ဖြင့် သော်လည်းကောင်း မရိုက်နှက်ရန် ပညာ ရေးဝန်ကြီးဌာနက တစ်နိုင်ငံလုံးရှိ ကျောင်းများသို့ ပြီးခဲ့သည့် ၂၀၁၇ စက်တင်ဘာလက ညွန်ကြားထားသည်။
ယင်းသို့အရိုက်ခံရခြင်းနှင့်ပတ် သက်၍ တိုင်းအစိုးရအဖွဲ့၏ လူမှုရေး ဝန်ကြီး၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ် ပညာရေး မှူးရုံးတို့အား အရိုက်ခံရသည့် ကျောင်း သားနှစ်ဦး၏ မိဘများက လက်မှတ်ထိုး တိုင်ကြားထားကြောင်း သိရသည်။