တရားဥပဒေစိုးမိုးရေးဌာနနှင့် တ ရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် အပါအဝင် လူ ၃၀ တရားစွဲခံရ

0
379

တနင်္သာရီတိုင်းဒေသကြီး တရား ဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်အပါအဝင် လူ ၃၀ ဦးကို မြိတ်မြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၀ (အသေရေဖျက် မှု)ဖြင့် ဩဂုတ်လ ၈ ရက်နေ့က တရားစွဲ ဆိုထားကြောင်း မြိတ်မြို့နယ်တရားရုံးမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး တရား ဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှု ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ ခေါင်း ဆောင်ဦးအောင်နိုင်ဦး၊ မြိတ်အနာဂတ် ဖွံ့ဖြိုး တိုးတက်ရေး အများနှင့်သက် ဆိုင်သော ကုမ္ပဏီလီမိတက်(MFD)မှ တာဝန်ရှိ ပုဂ္ဂိုလ်အချို့၊ ကုမ္ပဏီဘက်မှ ပူးပေါင်းပါ ဝင်သူများ အပါအဝင် လူ ၃၀ ဦးအား တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း တရားစွဲဆိုသူ အုတ်လုပ်ငန်းရှင် ဦးမောင်ဝင်း က ပြောသည်။

စွပ်စွဲခံရသူများအား ဩဂုတ်လ ၂၁ ရက်တွင် တရားရုံးသို့ လာရောက်ရှင်း လင်းရန် ဆင့်ခေါ်ထားပြီဖြစ်ကြောင်း တရားစွဲဆိုခံထားရသူ ဦးအောင်နိုင်ဦးနှင့် မြို့နယ်တရားရုံးတို့မှ သိရသည်။
လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်က မြိတ် မြို့၊ ကန်ဖျားရပ်ရှိ MFD ရုံးခန်း၌ ပြု လုပ်သည့် စီးပွားရေးဇုန်စီမံကိန်း အကြောင်း ရှင်းလင်းတင်ပြခြင်း အခမ်း အနား တွင် ပြောဆိုဆွေးနွေးသည်များနှင့် ဆက်စပ်တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကိုအောင်နိုင်ဦးကိုတော့ ကုမ္ပဏီ ဘက်က ဘက်လိုက်ပြီး ပြောဆိုမှုနဲ့ တရားစွဲခဲ့တယ်”ဟု ဦးမောင်ဝင်းက ပြော သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြိတ် မြို့နယ် တရားရုံးသို့ ၂၀၁၇ ခုနှစ် ဇွန်လ ၁၉ ရက်က ပုဒ်မ ၃ ခုဖြင့် ဦးတိုက် လျှေက်ထားခဲ့ရာ တရားရုံးက ပလပ်ခဲ့ ကြောင်း မြို့နယ်တရားရုံးမှ သိရသည်။
ထို့ကြောင့် ခရိုင်တရားရုံးသို့ ဆက် လက်လျှောက်ထားရာ ယင်းအမှုအား ဆက်လက်စစ်ဆေးရန် ဆုံးဖြတ်ခဲ့သည့် အတွက် အမှုအကြောင်းအခြင်းရာအပေါ် သုံးသပ်ပြီး ပုဒ်မ ၅၀၀ စွဲချက်ဖြင့် စစ်ဆေးရန် ယင်းသို့ ဆင့်ခေါ်ထားခြင်း ဖြစ်ကြောင်း မြို့နယ်တရားသူကြီး ဦးလှိုင်က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး တရားဥ ပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင် ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်နိုင်ဦးကမူ ဦးမောင်ဝင်း၏ ပြောဆိုချက်မှာ စွပ်စွဲမှုသာဖြစ်ပြီး ၎င်း အနေဖြင့် မည်သူ့ကိုမျှ ပုဂ္ဂိုလ်ရေး ထိ ခိုက်စေရန် မပြောဖူးကြောင်း တုံ့ပြန် သည်။
“ဘယ်ကုမ္ပဏီမဆို မြေယာဥပဒေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ချပြတာ ကောင်းတယ်ဆိုတာပဲ အဲဒီအချိန်က ပြောခဲ့တယ်”ဟု ၎င်းက ပြောသည်။

လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်က မြိတ် မြို့၊ ကန်ဖျားရပ်ရှိ MFD ရုံးခန်း၌ ပြု လုပ်သည့် စီးပွားရေးဇုန်စီမံကိန်း အကြောင်း ရှင်းလင်းတင်ပြခြင်း အခမ်းအနား တက်ရောက်သည့် အရပ်ဘက်ဆိုင်ရာအ ဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများမှ ပါ တီဝင်များနှင့် မီဒီယာများရှေ့၌ ပြောခဲ့ သည့်စကားဖြစ်ကာ မိမိစကားကို တာ ဝန်ယူသွားမည်ဖြစ်ပြီး တရားရုံးမှခေါ် လျှင် ရင်ဆိုင်သွားရန် အသင့်ရှိကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။
MFD နှင့် ဦးမောင်ဝင်းတို့ အကြားတွင် စီးပွားရေးဇုန်ဧရိယာနှင့် ဆက် စပ်ပြီး မြေယာအငြင်းပွားမှု ဖြစ်လျက် ရှိကြောင်း သိရသည်။