ကဏန်းချီးပုံး ထိုင်းဈေးကောင်း ပေးဝယ်ယူ

0
517

ကဏန်းလုံး (ဒေသခေါ်) ချီးပုံး ကဏန်းများကို ထိုင်းဘက်မှ ဈေးကောင်း ပေးဝယ်ယူလျက်ရှိသည်ဟု ကော့သောင်း မြို့နယ် ပါချန်မြစ်တစ်လျှောက် ဒီရေ တောများအတွင်း ကဏန်းကောက်သူများ ထံ သိရသည်။

အဆိုပါ ကဏန်းတစ်ကီလိုလျှင် ယခင်က ၁၈ ဘတ်ရှိခဲ့ရာမှ ယခုအခါ ၂၅ဘတ်အထိ ထိုင်းဘက်မှ ဈေးကောင်း ပေး ဝယ်ယူလျက်ရှိကြောင်း ၎င်းတို့က ဆိုသည်။

ယင်းကဏန်းများကို ဒီရေတော များပေါက်ရောက်ရာ ရွံ့နွံများထဲတွင် ညအချိန် လက်ဖြင့် ခက်ခဲစွာ ဖမ်းယူ ရခြင်းဖြစ်သည်ဟု ကဏန်းကောက် သူများက ပြောသည်။

ယင်းကဏန်းလုံးများကို ဆားရည် စိမ်ကာ အိုးသိပ်ပြီး သင်္ဘောသီးသုပ်တွင် ထည့်သွင်း စားသောက်ကြပြီး ထိုင်း တွင် လူကြိုက်များသည်။