ထူးကဲဒီရေကြောင့် ထားဝယ်ခရိုင်အတွင်း ပင်လယ်ကမ်းခြေများရှိ နေအိမ်အချို့ ရေထဲမျောပါ

0
394

ဒုတိယဝါဆိုလကွယ် ၁ ရက်မှ ဝါခေါင်လဆန်း ၃ ရက်အတွင်း ထူးကဲဒီရေတက်ပြီး လှိုင်းရိုက်ခတ်မှု ကြောင့် ထားဝယ်ခရိုင် လောင်းလုံးမြို့ နယ်နှင့် ရေဖြူမြို့နယ်တို့ရှိ ကမ်းခြေများ ရှိ နေအိမ်အချို့ ရေထဲမျောပါခြင်း၊ ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့သည်။
ဇူလိုင်လ ၁၂ ရက်မှ ၁၄ ရက် အတွင်း လောင်းလုံးမြို့နယ် ဖိုးလမော် ကမ်းခြေတွင် နေအိမ် ၆ လုံး၊ ရေထဲ မျောပါခဲ့ပြီး ညောပြင်ရွာတွင် နေအိမ် တစ်လုံးရေထဲမျောပါကာတစ်လုံး ပျက်စီးခဲ့သည်။

ယင်းရွာ ၂ ရွာမှ အိမ်ထောင်စု ၃၁ စုနှင့် သဘော့ဆိပ်ရွာကမ်းခြေရှိ အိမ် ထောင်စု ၆ တို့အား အန္တရာယ်ရှိနိုင် သော အိမ်များအဖြစ် သတ်မှတ်ကာ ညဘက်များတွင် ကယ်ဆယ်ရေးစခန်း (Cyclone Shelter) များနှင့် ဆွေမျိုး များအိမ်သို့ ပြောင်းရွှေ့နေထိုင်စေ ခဲ့ကြောင်း လောင်းလုံးမြို့နယ် အုပ်ချုပ် ရေးမှူး ဦးကျော်သူက ပြောသည်။
“အခုကတော့ သူတို့အိမ်တွေမှာ ပြန်နေနေပါပြီ၊ ရေကျရက် ဖြစ်သွားပြီ ဆိုတော့ အန္တရာယ်လည်း မရှိတော့ဘူး ဆိုတော့လေ၊ ပျက်သွားတဲ့အိမ်တွေက တော့ ပြန်ဆောက်ဖို့ မြေနေရာအခြေအနေ စောင့်ကြည့်နေဆဲပ”ဟု ဦးကျော်သူက ဇူလိုင်လ ၁၆ ရက်တွင် ပြောသည်။

ပျက်စီးသွားသည့်အိမ်များ ပြန် ဆောက်ရန်အတွက် လူမှုကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဌာနမှ တစ်အိမ်ထောင် ကျပ်တစ်သိန်းစီ ပေး အပ်ထားပြီး ပြောင်းရွှေ့နေထိုင်ရသူအား လုံးအတွက် လူတစ်ယောက်လျှင် တစ် ရက်စာ ဆန် နို့ဆီဗူး ၂ ဗူးနှုန်းဖြင့် ၇ ရက်စာ ပေးအပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
၎င်းအပြင် တိုင်းအစိုးရအဖွဲ့မှ တစ် အိမ်ထောင်စုအတွက် ဆန် ၆ ပြည်၊ စားဆီ ၁ လီတာ၊ ငါးသေတ္တာ ၅ ဗူးစီ ထောက်ပံ့ခဲ့ကြောင်း ဦးကျော်သူက ပြော သည်။

ဇူလိုင်လ ၁၃ ရက်နှင့် ၁၄ ရက် တို့တွင် ရေဖြူမြို့နယ် ကင်းတောင်ရွာ တွင် နေအိမ်အချို့ပျက်စီးခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် ဒေသခံများ ထံမှ သိရသည်။
ထိုရက်များအတွင်း သဲပါလာသည့် ရေလှိုင်းများက အိမ်ကို ရိုက်ခတ်ခဲ့သည့် အတွက် သဲများ အိမ်အောက်မှ ကြမ်း ခင်းပေါ်အထိ သဲ တစစမြင့် တက်လာ ကြောင်း သဘော့ဆိပ်ရွာမှ အန္တရာယ်ရှိ အိမ်အဖြစ် သတ်မှတ်ခံရသော အိမ်ပိုင် ရှင်တစ်ဦးက ပြောသည်။
လပြည့်လကွယ်မှ လဆန်း၊ လပြည်ကျော် ၃ ရက်နေ့အထိ ရက် များသည် ပင်လယ်ဒီရေမြင့်တက်သော ရက်များဖြစ်ပြီး မိုးတွင်းတွင် ထိုသို့ ထူးကဲဒီရေတက်ခြင်း၊ ချောင်းရိုးပြောင်း လဲခြင်းများ တစ်နှစ်တစ်ခါ ဖြစ်ပေါ် တတ်ကြောင်း ဒေသခံများက ပြောသည်။