လုယက်မှုများနဲ့ မြို့တော်

0
456

နေ့ခင်းကြောင်တောင် လူစည် ကားရာ လမ်းမကြီးပေါ်တွေ လမ်းသွယ် လမ်းကြားတွေပါမကျန် ပိုက်ဆံအိတ် လုယက်တဲ့အသံတွေ နေ့တိုင်းနီးပါးလိုလို ကြားနေရ တယ်။ အပျို၊ လူပျို၊ ကျောင်းဆရာမ၊ အစိုးရ ဝန်ထမ်းကအစ လမ်းဘေးထီးပြင် သမား အဆုံး အလွှာပေါင်းစုံဆီက ပိုက်ဆံအိတ် တွေ လက်ကိုင်ဖုန်းတွေ လုယက်ခံနေရ တယ်။ အနီးစပ်ဆုံး အချိန်ကာလတစ်ခု အနေနဲ့ဆိုရင် ပြီးခဲ့တဲ့ မေလ ၈ရက်က ဆိုင်ကယ် စီးလာတဲ့ အမျိုးသမီးနှစ်ဦးထံမှ ပိုက်ဆံအိတ်လုပြီး ထွက်ပြေးခဲ့တယ်။

မေလ ၂၂ ရက်မှာလည်း နယ်ဘက် ကနေ မြို့ပေါ်တက်ပြီး အုန်းသီးတွေ ရောင်းရတဲ့ ပိုက်ဆံတွေပိုက်ပြီး လမ်း လျှောက်ပြန်လာတဲ့ အမျိုးသားတစ်ဦး ဆီက ပိုက်ဆံတွေ လုယက်ခံရတယ်။ မေလ ၂၆ ရက်မှာကျတော့ လမ်း လျှောက်လာနေတဲ့ အမျိုးသမီးတစ်ဦးထံမှ နှစ်ကျပ်ခွဲသားခန့်ရှိ ရွှေဆြွဲုကိးတစ်ကုံး အလုခံရတယ်။ ကျောင်းဆရာမတစ်ဦးရဲ့ ပိုက်ဆံ အိတ်ကိုတော့ ဩဂုတ်လ ၁ ရက်မှာ အလုခံရတယ်။ ဩဂုတ်လ ၁၅ ရက်နေ့မှာ အမျိုး သမီးသုံးဦးစီးလာတဲ့ ဆိုင်ကယ်မှ ပိုက်ဆံ အိတ်နှင့် လက်ကိုင်ဖုန်း အလုခံရတယ်။ ဒါက လူသိရှင်ကြား ဖြစ်တာပဲ လုယက်မှုများနဲ့ မြို့တော် ရှိသေးတယ်။ လူမသိလိုက်တဲ့ အလုခံရ တဲ့ အမှုတွေလည်း ဘယ်လောက် ရှိနေလဲ မသိ။ တစ်ခုထူးခြားတာက လုယက်သူ အများစုက အသက် ၁၆ နှစ်ကနေ ၁၉ နှစ်အကြားမှာရှိကြတဲ့ လူငယ်လေးတွေ။

မော်ဒယ်မြင့်ငွေသိန်း ၂၀ မှ ၃၀ အကြား တန်ဖိုးရှိတဲ့ Click I အမျိုးအစား မော်တော် ဆိုင်ကယ်တွေစီးပြီး လူငယ် လေးတွေက ပိုက်ဆံအိတ်တွေ လုကြတယ်။ လမ်းမသိလို့ မေးဟန်တွေနဲ့ အသိ မိတ်ဆွေလိုလိုနဲ့ စကားတွေဝင်ပြောပြီး လုကြတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ခန့်အချိန်ကဆိုရင် ညဦး ပိုင်းအချိန်တွေ၊ လူသွားလာရှင်းတဲ့ လမ်း သွယ်လမ်းကြားတွေမှာ မှန်ကာ ပါတဲ့ဆိုင်ကယ်ဦးထုတ်လေးတွေ ဆောင်း ပြီး လုကြတယ်။ အခုတော့ နေရာအချိန်အခါမရွေး ပေါ် ပေါ်ထင်ထင်ကြီး လုတယ်။ တချို့ စား သောက်ဆိုင်တွေ အရောင်းဆိုင်တွေရဲ့ အရှေ့ဘက်လမ်းမပေါ်အထိCCTVကင်မရာတွေ တပ်ဆင်ထားပေမယ့်လည်း အရေးစိုက်မှု ရှိပုံမပေါ် လုယက်မှုတွေက ရဲတင်းလွန်းတယ်။

လူငယ်လေးတွေက မော်ဒယ်မြင့် တန်ဖိုး ကြီးဆိုင်ကယ်တွေစီးပြီး ဘာ ကြောင့် လုယက်နေကြတာလဲ။WY့လို စိတ်ြွကမူးယစ်ဆေးဝါးတွေ အားကောင်းနေတဲ့အချိန်တစ်ခုမှာ မူးယစ် ဆေးသုံးစွဲဖို့ ငွေလိုလို့ လုကြတာလား။ ဖြစ်နိုင်ချေအများဆုံး၊ လူတွေထင်ကြေး အပေးဆုံးကတော့ မူးယစ်ဆေးနဲ့ လု ယက်မှု ဆက်စပ်တယ်ဆိုတာပါ။ ဒါကြောင့် ဖမ်းမိတဲ့သူတွေကို သေချာ စိစစ်စစ်ဆေးစေချင်ပါတယ်။ အကြောင်းအရင်းကို ဖော်ထုတ်နိုင်အောင် ပါ။

အနာဂတ်မျိုးဆက်သစ်လူငယ်လေး တွေ လမ်းဘေးမရောက်လေအောင် အကြောင်းအရင်းကို အဖြေရှာပြီး ဖြေရှင်း ရပါမယ်။ အကြောင်းအရင်းကို မကိုင်တွယ်နိုင် ရင်တော့ ဘယ်ကဖမ်း ညာကလု ဖြစ်နေ ဦးမှာပါပဲ။ မြိတ်မြို့ဟာ ပင်လယ်ငါးဖမ်း လုပ်ငန်းတွေနဲ့ စီးပွားရေးတောင့်တင်း လှတဲ့မြို့တော်တစ်ခုလို့ တင်စားခေါ် ဝေါ်ခံရပါတယ်။ အခုတော့ လုယက်မှုများနဲ့ မြို့တော် ကြီး ဖြစ်နေပါပြီ။ “ဒီနေ့လုတယ်၊ ဒီနေ့မိတယ်၊ မနက်ဖြန်မိတယ်၊ နောက်တစ်ရက်ကျ တော့ လုခံထိ ပြန်ပြီ”ဆိုတဲ့ အသံတွေက ကြာလေ ညံလေ ဖြစ်နေတယ် မဟုတ် လား။