ငမောက်ငယ်တွင် ဒီရေအပင် ငါးထောင် ထပ်မံ စိုက်ပျိုး

0
397

ခမောက်ကြီးမြို့နယ် အောင်ချမ်း သာကျေးရွာအုပ်စု ခမောက်ငယ် ကျေးရွာ ရှိ ဒီရေထိန်းသိမ်တော သတ်မှတ်ဧရိ ယာအတွင်း ဩဂုတ် ၁၇ ရက်က ဒီရေ တော အပင် ငါးထောင် ထပ်မံစိုက်ပျိုးခဲ့ ကြသည်။

အဆိုပါ ကျေးရွာအုပ်စုအတွင်းမှ ကျေးရွာသားများစုပေါင်းကာ သီးခြား ထိန်းသိမ်းထားသည့် ဒီရေတောအပင် ပေါက်နေသည့်မြေ ၂၅ဧက ရှိသည်ဟု ခမောက်ငယ်ကျေးရွာသားများထံမှ သိရသည်။

ယင်းအနက် ကမ်းပါးပြိုကျမူများ ထိန်းသိမ်းနိုင်ရန် ဧရိယာ၏ မျက်နှာစာ တောက်လျှောက်ကို ဒီရေတော အပင် များ စိုက်ပျိုးခဲ့ခြင်းဖြစ်သည်ဟု ခမောက် ငယ်ကျေးရွာ ရာအိမ်မှူးက ဆိုသည်။

“ဒီရေတောတွေ မရှိတော့ရင် ကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကျောင်း ရေလုပ်တွေမရှိတော့ဘူး သဘာဝပတ်ဝန် ကျင် ကြီးကလည်း ပျက်စီးလာနိုင် တာမို့ ထိန်းသိမ်းရသလို ထပ်မံစိုက်ပျိုး တာလည်း လုပ်ရတာပေါ့”ဟု ခမောက် ငယ်ကျေးရွာ ရာအိမ်မှူး ဦးပုက ဆိုသည်။

ဒီရေတော အပင်တွေကို မီးသွေး ဖုတ်ရန် ခုတ်လေ့ရှိသည်။ ဒီရေတောစိုက်ပျိုးရာတွင် ရပ်ကျေး နှင့် မြို့နယ်ြီူအဖွဲ့ချုပ် အဖွဲ့ဝင်များ ပါဝင်ကူညီ စိုက်ပျိုးပေးခဲ့သည်ဟု ခမောက်ငယ် ကျေးရွာသားများက ဆို သည်။