ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များကို ကူညီရန် အတည်ြုပချက်စိစစ်ရေးအဖွဲ့ စဖွဲ့

0
544

တိုင်းအတွင်း ရင်းနှီးမြှုပ်နှံမည့် စီးပွားရေးလုပ်ငန်းများရှင်များကို ကူညီရန်အတွက် အတည်ပြုချက် စိစစ်ရေးအဖွဲ့ကို
ဩဂုတ်လ ၁၃ ရက်က ဖွဲ့စည်းလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာထွန်းထွန်းက ပြောသည်။

တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီတွင် လုပ်ငန်းလုပ်ရန် အတည်
ပြုမိန့် လာလျှောက်ပါက လိုအပ်ချက်ရှိနေသည့် အချက်အလက်များကို ရှင်းပြပြီး အကြံပေးခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်းဒေါက်တာထွန်းထွန်းကမြန်မာငွေလဲနှုန်း ကျဆင်းနေပြီးထိုင်းဘတ်ဈေးတက်နေသဖြင့် ကော့
သောင်း ဆိုင်ကယ်ဈေးကွက်တွင် အရောင်းအဝယ် အေးလျက်ရှိကြောင်းဆိုင်ကယ်ဝယ်ရောင်း လုပ်ကိုင်နေသူများထံမှ သိရသည်။
ဩဂုတ်လလယ်တွင် ထိုင်းဘတ်ဆိုသည်။ယခင်က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် မြေယာပိုင်ဆိုင်မှု အခက်အခဲများကြောင့် ကြန့်ကြာမှုများ ရှိနေသည့်အတွက် အဖွဲ့အနေဖြင့် လိုအပ်သည့်အကြံများ ပေးနိုင်မည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

“အဓိက ရည်ရွယ်ချက်က လုပ်ငန်းပိုမြန်ဆန်လာအောင်ပါ၊ လုပ်ငန်းရှင်တွေအတွက် ကောင်းလာမှာပါ”ဟု ဒေါက်
တာထွန်းထွန်းက ပြောသည်။လုပ်ငန်းလုပ်မည့်သူက ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းနှင့်ပတ်သက်၍ အဆိုပါအဖွဲ့ထံ လာရောက်ရှင်းပြချိန်တွင် လိုအပ်ချက်များကို အကြံပြုသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။အဆိုပါ အဖွဲ့တွင် တိုင်းဒေသကြီးစီမံ/ဘဏ္ဍာဝန်ကြီးက ဥက္ကဋ္ဌအဖြစ်
ဆောင်ရွက်ပြီး အဖွဲ့ဝင်များအပါအဝင်စုစုပေါင်း ၁၁ ဦး ပါဝင်သည်။

အတည်ပြုချက်စိစစ်ရေးအဖွဲ့သည်ရင်းနှီးမြှုပ်နှံမှုကော်မတီကိုကူညီရမည်ဖြစ်ပြီး အတည်ပြုလျှောက်ထားလွှာများကို သက်ဆိုင်ရာကဏ္ဍအလိုက် စိစစ်ရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးထံမှ သိရသည်။အမေရိကန်ဒေါ်လာ ၅ သန်း(သို့မဟုတ်)ငွေကျပ် သန်းပေါင်း ၆၀ဝ၀အထိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုနိုင်သည့် တိုင်းဒေသကြီးဝန်ကြီးချုပ်ကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ကို ပြီးခဲ့သည့် ၂၀၁၇ခုနှစ် ဇူလိုင်လ ၇ ရက်က ဖွဲ့စည်းခဲ့သည်။

TRIC စတင်ဖွဲ့စည်းချိန်မှ လက်ရှိအချိန်ထိ ဟိုတယ်လုပ်ငန်း ၇ ခု၊ စက်မှုလုပ်ငန်း ၄ ခုနှင့် အသေးစားလျှပ်စစ်
လုပ်ငန်း ၁ ခုတို့ကို အတည်ပြုမိန့် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။