မွန်တွင် လယ်သမား တစ်ထောင်နီးပါး မိုးစပါးစိုက်ချေးငွေ မထုတ်

0
489

မွန်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်အ တွက် မိုးစပါးစိုက်ချေးငွေကို တောင်သူ လယ်သမား ၁၀၀၀ နီးပါးတို့က ထုတ် ချေးယူခြင်းမရှိဟု မွန်ပြည်နယ် မြန်မာ့ လယ်ယာစိုက်ပျိုးရေးဘဏ်မှ သိရသည်။
ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်မှ တောင်သူလယ်သမား ၃၉၀၀၀ ဦးခန့်ကို မိုးစပါးချေးငွေ ထုတ်ချေးပေး ရန် လျာထား သော်လည်း တောင်သူ လယ်သမား ၃၈၀၀၀ ဦးကျော် တို့ကသာ ချေးငွေ ထုတ်ချေးခဲ့သည်ဟု ပြည်နယ် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် စာရင်း အရ သိရသည်။

ယခုနှစ်တွင် မိုးစပါးချေးငွေ ထုတ်ချေးသည့် တောင်သူများသည် ၊ မြေယာလုပ်ပိုင်ခွင့် လက်မှတ် – ပုံစံ(၇) ကို သက်ဆိုင်ရာမြို့နယ် မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်တို့တွင် အပ်နှံထားရ မည်ဖြစ်သည့်အတွက် ချေးငွေထုတ်ချေး သူ လျော့နည်းသွားခြင်း ဖြစ်သည်။

ပုံစုံ (၇) ကို အပေါင်ထားပြီး အပြင်တွင် ချေးပါက ချေးငွေပိုရခြင်း၊ ပေါင်ထားသည့် ပုံစံ (၇) မထုတ်ယူနိုင် သေးခြင်း၊ လယ်ယာလုပ်ငန်း မလုပ် ကိုင်တော့ဘဲ ပြည်ပထွက်သွားခြင်း စသည့် အချက်များကြောင့်ဟု ဘဏ်၏ ပြည်နယ် မန်နေဂျာဦးကျော်စွာလှိုင် က ပြောသည်။
၂၀၁၈ ခုနှစ်အတွက် မွန်ပြည်နယ် တွင် တစ်ဧကတစ်သိန်းခွဲနှုန်းဖြင့် မိုး စပါးစိုက်ဧက ကျပ် ၂ သိန်း ၉ သောင်း ခန့်အ တွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် သိန်း ပေါင်း ၄ သိန်း ၃ သောင်း ကျော် ထုတ် ချေးပေးရန် လျာထားပြီး စိုက်ဧက ၂ သိန်း ၈ သောင်းကျော်အတွက် ငွေကျပ် သိန်းပေါင်း ၄ သိန်း ၂ သောင်း ကျော် ထုတ်ချေးပေးနိုင်ခဲ့သည် ဟု ပြည်နယ် မြန်မာ့လယ်ယာစိုက်ပျိုးရေး ဘဏ်မှ သိရသည်။

“ဒီနှစ်က ပုံစံ (၇) မူရင်းနဲ့ ချေးရ တော့ တချို့လယ်သမားတွေက မထုတ် ချေးကြဘူး၊ အမျိုးမျိုးပေါ့၊ တချို့က အဲ ဒီပုံစံ (၇)ကို မအပ်ချင်ကြဘူး၊ တချို့ ကလည်း တစ်နေရာမှာ ချေးထားပြီး သားဖြစ်နေတော့ စိုက်ဘဏ်မှာ ပုံစံ(၇) မအပ်နိုင်တော့ ချေးလို့မရဘူး”ဟု မုဒုံမှ လယ်သမား နိုင်ဝင်းကြည်က ပြောသည်။
မိုးစပါးစိုက် တောင်သူများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မော်လ မြိုင်ဘဏ်ခွဲမှ မိုးစပါးစိုက်ချေးငွေများကို တစ်နှစ် အတိုး ၈ ရာခိုင်နှုန်းဖြင့် မေလ တတိယအပတ်မှစပြီး ဇူလိုင်လ ၁၁ ရက်ထိ မြို့နယ်အလိုက် ထုတ်ချေးပေး ခဲ့သည်။