အောင်မေတ္တာကျောင်း ရေထိန်းနံရံ လိုအပ်

0
456

ကော့သောင်းမြို့နယ် ဘန်းကချွန် ကျေးရွာအုပ်စု အောင်မေတ္တာကျေးရွာ မူလွန်ကျောင်းသည် ပင်လယ်ကမ်းနဖူးတွင် ဆောက်လုပ်ထားသည့်အတွက် ပင်လယ် ရေတက်ချိန်နှင့် မိုးသည်းထန်စွာ ရွာချိန် များတွင် ကျောင်းအရှေ့ မြေသားများ ရေတိုက်စားမှုဒဏ်ခံနေရကြောင်း ကျောင်း ဆရာမများနှင့် ကျေးရွာရပ်မိ ရပ်ဖများက ဆိုသည်။
ရေတိုက်စားမှုကြောင့် ကျောင်း အရှေ့ကမ်းပါးမြေများ တဖြည်းဖြည်း ပြိုကျလာနေပြီး ကျောင်းပြိုကျမည်ကို စိုးရိမ်လျက်ရှိကြောင်း ၎င်းတို့က ဆိုသည်။

ကျောင်းဆောင်များ တည်ရှိရာ နေရာသည် အလျား ပေ ၁၅၀ ၊ အမြင့် ၇ပေရှိပြီး အင်္ဂတေခင်း၊ ယိုင်ကာ သွပ်မိုး ကျောင်းဆောင် နှစ်ဆောင်ရှိသည်။
ကျောင်းနှင့်အညီ ကျောက်စီရေထိန်း နံရံတစ်ခုကို ဆောက်လုပ်ပေးစေချင် ကြောင်း ကျေးရွာရပ်မိရပ်ဖ တစ်ဦးက ဆိုသည်။
“အန္တရာယ်အရမ်းများတော့ ကလေးတွေ အတွက် စိုးရိမ်နေရတယ်၊ တခြားနေရာ ပြောင်းဆောက်ဖို့ကလည်း ရွာမှာ မြေနေရာ မရှိဘူး”ဟု ယင်းကျောင်း မှ အလယ်တန်းပြ ဆရာမဒေါ်နွယ်နီစိုးက ဆိုသည်။

ရပ်မိရပ်ဖများက ထပ်မပြိုအောင် ကြိုးစားနေသော်လည်း ရေထိန်းနံရံ တစ်ခုတည်ဆောက်ရန် မြို့နယ်ပညာ ရေးမှူးထံ တင်ပြထားကြောင်း အထက်ပါ ဆရာမက ပြောသည်။
အဆိုပါကျောင်းသည် အခြေခံ ပညာမူလွန် ကျောင်းတစ်ကျောင်းဖြစ်ပြီး ကျောင်းသား ၄၂ဦးရှိပြီး ကျောင်းဆရာမ ၂ ဦး ရှိသည်ဟု သိရသည်။