တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်း အမှတ်အများဆုံးရသူ မြန်မာ-ဂျပန်အသင်း၏ ပညာရည်ထူးချွန်ဆု အရွေးခံရ

0
484

မြန်မာ-ဂျပန်အသင်း(MJA)၏ ပညာရည်ထူးချွန်ဆုအတွက် ဘက်စုံ ထူးချွန်သူ ၁၈ ဦးအားရွေးချယ်ခဲ့ရာ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တွင် တနင်္သာရီတိုင်းအတွင်း အမှတ် အများဆုံးဖြင့်အောင်မြင်ခဲ့သည့် မြိတ်မှ မစုစန္ဒာထွန်း ရွေးချယ်ခံခဲ့ရသည်။

မြန်မာ-ဂျပန်အသင်း၏ ပညာရည် ထူးချွန်ဆု(ဂျပန်နိုင်ငံလေ့လာရေးခရီး စဉ် ၂၀၁၈) အတွက် အရည်အချင်း ပြည့်မီ သူ နိုင်ငံခြားဘာသာတက္ကသိုလ်မှ ၃၀ ဦးနှင့် ၂၀၁၈ ခုနှစ်တက္ကသိုလ်ဝင် စာမေး ပွဲတွင် ထူးချွန်စွာအောင်မြင်သူများမှ ၄၅ ဦး ပေါင်း ၇၅ ဦးအား လူတွေ့စစ်ဆေးမှု များ ပြုလုပ်ပြီးနောက် ဘက်စုံထူးချွန်သူ ၁၈ ဦးအား ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
“တိုင်းအတွက်ရော ကျောင်းအတွက် ပါ ဂုဏ်ယူမိတယ် အစီအစဉ်မှာ ပါခွင့်ရ တာကိုလည်း ဝမ်းသာတယ်”ဟု ၆ ဘာသာ ဂုဏ်ထူးရှင် မစုစန္ဒာထွန်းက ပြောသည်။

သူမသည် ၂၀၁၈ တက္ကသိုလ်ဝင် တန်းစာမေးပွဲကို ကန်စွန်းအင်းကိုယ်ပိုင် အထက်တန်းကျောင်းမှ ၆ ဘာသာဂုဏ် ထူး စုစုပေါင်းရမှတ် ၅၄၀ ဖြင့် အောင် မြင်ခဲ့သည်။
ဂျပန်ခရီးစဉ်အတွင်း ဂျပန်မိသားစု များနှင့်နေထိုင်ရမည်ဖြစ်ပြီး အထင်ကရ နေရာများ၊ ရိုးရာယဉ်ကျေးမှုများ၊ စာ သင်ကျောင်းများ လေ့လာခွင့်ရမည်ဟု အကြမ်းဖျင်းသိရှိထားရကြောင်း မစုစန္ဒာထွန်းက ပြောသည်။
မြန်မာ-ဂျပန်အသင်း၏ ပညာရည် ထူးချွန်ဆုအတွက် ရွေးချယ်ခံရသူ ၁၈ ဦးသည် အောက်တိုဘာဆန်းတွင် ဂျပန် နိုင်ငံသို့ ၈ ညအိပ် ၉ ရက် လေ့လာရေး ခရီးသွားရောက်ရမည် ဖြစ်သည်။