မြေပြိုကျသည့် ရှင်မော်ဘုရားေ တာင်ကုန်း ပွင့်လင်းရာသီပြုပြင်မည်

0
395

မြေပြိုကျခဲ့သည့် ရှင်မော်ဘုရား တောင်ကုန်းကို လာမယ့် ပွင့်လင်း ရာသီတွင် ပြုပြင်မည်ဖြစ်ကြောင်း လောင်း လုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနထံမှ သိရသည်။
မြေပြိုခဲ့သည့် တောင်စောင်းတွင် မြေထိန်းနံရံ တည်ဆောက်ပြီး အန္တရာယ် ရှိနေသည့် သံဃာဆောင်ကိုလည်း ပြန် လည်ပြုပြင်မည်ဖြစ်ကြောင်း လောင်းလုံး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောသည်။

“ဘယ်လုံပုံစံနဲ့ လုပ်မလဲပေါ့။ မြေ ထိန်းနံရံတွေလုပ်ဖို့ ဘယ်လောက်ကုန် ကျမလဲပေါ့၊ အဲဒါတွေကို ဆောက်လုပ် ရေးဌာနကို တိုင်းအစိုးရက တွက်ချက် ခိုင်းထားတယ်”ဟု ဦးကျော်သူက ဆို သည်။
ဂေါပကရုံးခန်းမှာ အသစ်ဆောက် လုပ်ရမည့် အနေအထားတွင် ရှိနေကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် ဂေါပကရုံးခန်းနေရာ အား ဧည့်သည်နားနေဆောင်သို့ ပြောင်း ရွှေ့ထားကြောင်း ရှင်မော်ဘုရားဂေါပက ဥက္ကဋ္ဌ ဦးဖေအောင်က ပြောသည်။

ပွင့်လင်းရာသီတွင် ဘုရားဖူးလာ ရောက်သည့် ဧည့်သည်များအတွက်မူအခြားတည်းခိုဆောင်များရှိသဖြင့် အခက် အခဲ မရှိနိုင်ကြောင်း ဦးဖေအောင်က ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်က ရှင်မော် ဘုရားရင်ပြင် အရှေ့ဘက်တောင်စောင်း ရှိ ဂေါပကရုံးခန်း၊ သံဃာအဆောင်တို့၏ နောက်ကျောဘက်ကပ်လျက်တွင် မြေပြို ကျမှုဖြစ်ပွားခဲ့ခြင်းကြောင့် ယင်းအ ဆောင်နှစ်ခုကို အန္တရာယ်ရှိ အဆောက် အအုံအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။