လူပြိန်းကြိုက်ဝါဒ (Populism) နဲ့ ပြည်သူ့ရေး ရာမူဝါဒအပေါ် သက်ရောက်မှု (နိဂုံး)

0
475

ယခင်အပတ်မှ အဆက်

လူပြိန်းကြိုက်ဝါဒီနဲ့ အာဏာရှင် ဖြစ်ချင်တဲ့ “ဇ”
သမ္မတထရမ့်မှာ လူပြိန်းကြိုက်ဝါဒီ နဲ့ အာဏာရှင်ဖြစ်ချင်တဲ့ “ဇ”ဒွန်တွဲနေ တာမျိုး ရှိတယ်လို့ သမုတ်ကြပါတယ်။ ဟားဗတ်တက္ကသိုလ်က ပါမောက္ခ ပစ်ပါ နောရစ် ကလည်း”လူပြိန်းကြိုက်ဝါဒီနဲ့ အာဏာရှင်” (populist-authoritarian) နဲ့ ကိုယ့်ဇာတိမြေကို အလွန်အကျူးကာ ကွယ်ချင်တဲ့ ဇနပုဒ် အမျိုးသားရေးဝါဒ (nativist nationalism)   ပူးတွဲတည်ရှိ နေတတ်ပုံကို ရှင်းပြပါတယ်။ ဇာတိမြေ ကို အလွန်အကျူးကာကွယ်ချင်တဲ့ ဇနပုဒ် အမျိုးသားရေးဝါဒက ပြင်ပက လာသူ တွေကို ခြိမ်းခြောက်မှုလို့ မြင်ကြပါတယ်။ ဒီအိုင်ဒီယာကနေ အစပျိုးလာပြီးတော့ ကိုယ့်နိုင်ငံအရေးက ပထမဆိုတာမျိုး ပြောဆိုလာပါတယ်။

အဲဒါကြောင့် လူမှု အဖွဲ့အစည်းထဲက အချို့သော အုပ်စုများ ဟာ အကျိုးခံစားခွင့် ရှိသင့်တယ်၊ ဆု လဒ်ရဖို့ ထိုက်တန်တယ်ဆိုတာမျိုး မြင် လာပါတယ်လို့ ရှင်းပြပါတယ်။ ဥရောပ တိုက်မှာ လေ့လာမှုတွေလည်း ပြသတာ က ပြောင်းရွှေ့အခြေချလာသူ ရာခိုင်နှုန်း က တိုးတက်လာနေပါတယ်။ ဒါကြောင့် မို့လို့ ပြည်သူတွေက လူဝင်မှုကြီးကြပ်ရေး ဆန့်ကျင်ရေး ဟောပြောနေတဲ့ လက်ျာ စွန်း နိုင်ငံရေးသမားတွေကို ထောက်ခံ လာပါတယ်။ အောက်ခြေထုလူထုနဲ့ အ လယ်အလတ်တန်းစားလူထုကို ကာ ကွယ်ပေးရမယ်၊ ရေပေါ်ဆီ လူတန်းစား တွေကို ဆန့်ကျင်ရမယ်လို့ မြင်လာကြပါ တယ်။ ရေပေါ်ဆီလူအုပ်စုက တတိယ အုပ်စု (ရွှေ့ပြောင်းအခြေချလာသူများနဲ့ မူစလင်တွေ)အပေါ် ပျော့ပြောင်းလွန်း တယ်။ ပြည်သူတွေအပေါ် လုံလောက် အောင် ကာကွယ်မပေးနိုင်ဘူးလို့ ဆို လာကြပါတယ်။

ဘာဖြစ်လို့ အာဏာရှင်ဖြစ်ချင်တဲ့ “ဇ” ပေါ်ပေါက်လာကြရပါသလဲ။ ယေ ဘုယျပြောရရင် အမျိုးသားနိုင်ငံတော်တ ခုရဲ့ အဓိကတာဝန်က တရားဥပဒေစိုး မိုးရေး၊ လူမှုအဖွဲ့အစည်း တည်ငြိမ်ရေးကို ခြိမ်းခြောက်လာတဲ့ အကြောင်းအရာတွေ က ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။ ဒါ ကြောင့် ပြဿနာတွေကို “ချေမှုန်းတဲ့ နည်း”နဲ့ တုံ့ပြန်ဖို့ ရွေးချယ်စရာ အကြောင်း ဖြစ်လာပါတယ်လို့ မတ်ဒီ (Mudde)က ပြောပါတယ်။ သူတို့က ဒီမိုကရေစီနည်းအားဖြင့် ရွေးချယ်တင် မြှောက်ခံရလို့ ခေါင်းဆောင်ဖြစ်လာကြ သော်လည်း၊ မထေမဲ့မြင် ပြုလာကြပါ တယ်။ (ဒီနေရာမှာ ထရမ့်ကတော့ ဒီမိုကရေစီကို တိုက်ခိုက်မှု မလုပ်ဘူး၊ ချွင်းချက်ဆိုပြီး (Mudde ) က သတ်မှတ်ပါတယ်)။ မိမိကိုယ် ပြည်သူ လူထုအများစုက ရွေးချယ်တင်မြှောက်လို့ နိုင်ငံခေါင်းဆောင် ဖြစ်လာတာ၊ ဒါကြောင့် မိမိလုပ်တာ ပြည်သူလူထုက လက်ခံရ မယ်။ ပြည်သူလူထုရဲ့ တာဝန်ပေးမှု (mandate)  သူ့မှာ ရှိနေတယ်လို့ လူပြိန်းကြိုက်ခေါင်းဆောင်တွေက ထင် မြင်ကြပါတယ်။ ဒီလိုနဲ့ ထရမ့်လိုမျိုး၊ လူပြိန်းကြိုက်ဝါဒီ၊ အာဏာရှင်ဆန်တဲ့ ဇ၊ ကိုယ့်ဒေသကိုယ်ကာကွယ်ချင်တဲ့ ဇနပုဒ်ဝါဒ … ဒီသုံးမျိုးနဲ့ကြည့်မှ ဖြစ်နိုင် တော့မှာပါ။

လူပြိန်းကြိုက်ဝါဒီဖြစ်တော့ ဘာ ဖြစ်မှာလဲ-မူဝါဒဆိုင်ရာ အကျိုးဆက်များ
လူပြိန်းကြိုက်ဝါဒီ နိုင်ငံရေးသမား တွေက အခြားနိုင်ငံရေးသမားတွေနဲ့စာရင် ပိုလို့ ဝန်ဆောင်မှုကောင်းပေးနိုင်သလား၊ ဒါမှမဟုတ် ပိုညံ့သလား.. စသည်ဖြင့် နှိုင်းယှဉ်လေ့လာချက် နည်းနည်းပဲရှိ သေးတယ်လို့ ပါမောက္ခ ပစ်ပါနောရစ်က ပြောပါတယ်။ ဆိုလိုတာက လူပြိန်း ကြိုက်ဝါဒီ နိုင်ငံရေးသမားတွေ အုပ်ချုပ် ရင် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (good governance)  ဘယ်လိုရှိမလဲ၊ နိုင်ငံဂျီဒီပီ တိုးတက်မှာလား.. စသည် ဖြင့် လေ့လာထားမှုတွေ မရှိသေးသ လောက်ပါပဲ။ ဒါပေမယ့် တွေ့မြင်နေရသ လောက် သူတို့က ဆိုးဝါးတဲ့ စီးပွားရေးမူ ဝါဒတွေကို ချမှတ်လေ့ရှိတယ်လို့ ဆိုပါ တယ်။ အထူးသဖြင့် လက်တင်အမေရိက နိုင်ငံတွေမှာပါ။

“အမှန်ပြောရရင် သူတို့က နိစ္စဓူဝ ကိစ္စတွေကို ရင်ဆိုင်ဖြေရှင်းလာရတယ်။ သူတို့က လက်ပစ်ဗုံးနဲ့ပစ် ဖြေရှင်းတာ မျိုးက အလုပ်မဖြစ်တာကို သိလာကြ တော့ ပိုပြီးတော့ အလယ်အလတ် သဘောထားမျိုး တဖြည်းဖြည်း ပြောင်း လာကြတယ်။ အလုပ်ပြီး မြောက်အောင် လုပ်ကြရတော့ မှာကိုး။ … ဒါပေမယ့် သူတို့ (အာဏာ) ပြင်ပမှာ ရှိတုန်းကလို မျိုး ဆွဲဆောင်မှုက မရှိနိုင်တော့ဘူး။ များသောအားဖြင့် သူတို့ကို လူထုထောက်ခံ မှု ကျဆင်းလာတာ ကိုကြုံကြရတယ်” မစ္စပစ်ပါနောရစ်က သူ့လေ့လာမှုအရ ကြုံတွေ့ရတာတွေ ပြောတယ်။

အဲဒါအပြင် ပါမောက္ခပစ်ပါ နောရစ် က သူ့လေ့လာမှုအရ ပြောတာက”စီး ပွားရေးမူဝါဒတွေ ချမှတ်ရေးမှာ ကြည့်ရင် လူပြိန်းကြိုက် ဝါဒီခေါင်းဆောင်တွေက “နေရာတိုင်းမှာ သူ့မျက်နှာ” ဖြစ်နေတတ် တယ်။ သူတို့က မေ့လျော့ခံနေကြရတဲ့ ပြည်သူလူထုအတွက်၊ အောက်ခြေအလွှာ တွေ အတွက်လို့ ပြောပါတယ်။ ဒါပေမယ့် အကျိုးခံစားခွင့်ရတာကတော့ လူနည်းစု ထိပ်သီး ရေပေါ်ဆီတွေချည်း ဖြစ်နေတာ ကိုလည်း တွေ့ရပါတယ်။ သမ္မတထရမ့် ရဲ့ အခွန်လျှော့ပေါ့မှု မူဝါဒအကျိုးကျေး ဇူးကို အဓိက ခံစားကြရတာကတော့ ဘီလီယံနာ သူဌေးကြီးတွေပါပဲ။

အဲသ လိုပဲ အစိုးရဝန်ကြီးဌာနတွေမှာလည်း ဘီလီ ယံနာ သူဌေးကြီးအတော်များများကို သူက ခန့်အပ်ထားခဲ့ပါတယ်။ လူပြိန်း ကြိုက်ဝါဒဆိုတာ လေ့လာသူပညာရှင် အများ နားလည်ထားကြတာက “ယုံကြည်မှုစနစ်” တခု မဟုတ်ပါဘူး။ မူဝါဒအစီအစဉ်တခုလည်း မဟုတ်ပါ ဘူး။ နိုင်ငံရေးအရ ကောက်ယူချက် (ဆင် ခြင်တုံတရား) တစ်ခုသာ ဖြစ်ပါတယ်။
ဒါပေမယ့် လူပြိန်းကြိုက်ဝါဒီတိုင်း ဟာ သဘောထားပျော့ပြောင်း၊ အလယ် အလတ်ဝါဒီ ရှိသူချည်း မဟုတ်ပါဘူးတဲ့။ အကယ်၍ သူတို့က အာဏာပြင်း၊ ခွန် အားကြီးလာတယ်ဆိုရင်တော့ အနောက် တိုင်း လစ်ဘရယ်ဒီမိုကရေစီ ထောက်တိုင် တွေကိုလည်း စိန်ခေါ်တတ်ပါတယ်။ အ ထူးသဖြင့် နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်(civil liberties) ၊ လူနည်းစုတို့ရဲ့ အခွင့် အရေး၊ တရားဥပဒေစိုးမိုးရေး၊ အစိုးရ အာဏာကို အပြန်အလှန် ထိန်းကျောင်းမှု (check-and-balance)တွေကို ပယ် ထုတ်ပစ်တတ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံက လက်ရှိသမ္မတ ဒူတာတေးဆိုရင်လည်း သံမဏိလက်သီးနဲ့ ကိုင်တွယ်တာတွေ၊ နိုင်ငံတကာ ဝေဖန်ပြောဆိုမှုတွေကို ပယ် ချနေတာ မြင်ရပါလိမ့်မယ်။ အစောပိုင်းက ဆွေးနွေးသလိုပဲ။ သူတို့ဟာ ကစားပွဲရဲ့ ဥပဒေသတွေကို ငြင်းပယ်ပစ်သူတွေ ဖြစ် ပါတယ်။ အဖွဲ့အစည်းစနစ်(institu-tions) တွေကို ပစ်ပယ်ပြီး၊ ငါတကော ကောတတ်သူတွေလည်း ဖြစ်ပါတယ်။ အဲဒါအပြင် လူပြိန်း ကြိုက်ဝါဒီတွေက ကိုယ်စားပြုဒီမိုကရေစီ(representative democracy)  စနစ်ရဲ့လက်ရှိအခြေ အနေကို အကြီးအကျယ် သဘောမကျနိုင် ဖြစ်နေကြသူတွေလို့လည်း ဆိုကြပါ တယ်။ သူတို့က လူမှုအဖွဲ့အစည်းထဲက အမှန်တကယ်နစ်နာ ခံစားနေကြရချက် တွေ အသုံးချလို့ အောင်မြင်လာကြတဲ့သူ တွေလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လူပြိန်းကြိုက် ဝါဒီခေါင်းဆောင်တွေက လွတ်လပ်တဲ့ လူမှုအဖွဲ့အစည်းအတွက် ပြဿနာဖြစ်စေတယ်လို့ အချို့ပညာ ရှင်တွေက ဆိုကြပါတယ်။

သူတို့က လူထုတွေရဲ့နစ်နာ ခံစားရ မှုတွေကို အသုံးချလို့ နိုင်ငံရေးထိပ်သီး အလွှာမှာ ရှိနေတဲ့ လူတွေကို ဆန့်ကျင် ကြပါတယ်။ အောက်ခြေကို အားယူလို့ အပြောင်းအလဲဖြစ်ဖို့ ဖန်တီးကြပါတယ်။ ဟန်ဂေရီနိုင်ငံက လူပြိန်းကြိုက်ခေါင်း ဆောင် နိုင်ငံရေးသမား ဗစ်တာအော်ဘန်(Victor Orban) က”အနောက်ဥရောပ မှာ လက်ျာအလယ်ဗဟိုသမားတွေ (center-right) ဒါမှမဟုတ်၊ လက်ဝဲ အလယ်ဗဟိုသမားတွေ center-left တွေက ခြယ်လှယ်နေတာ နှစ် ၅၀-၆၀ ရှိနေပြီ။ သူတို့က ဘာပဲဖြစ်ဖြစ် ကမ်း လှမ်းနေကြတာ မဲပြာပုဆိုး အစီအစဉ်တွေ ပဲ။ အတူတူတွေပဲ။ ပြည်သူတွေလည်း နိုင်ငံရေးအရ ရွေးချယ်ခွင့် နည်းလာနေ တယ်။ ဥရောပ ခေါင်းဆောင်မှုကလည်း ကြည့်လိုက်ရင် ရေပေါ်ဆီလူနည်းစု အတူ တူဆီက လာနေကြတာပဲ။ စိတ်တွေးခေါ်ပုံ မူဘောင်အတူတူ၊ ကျောင်းအတူတူ၊ အဖွဲ့ အစည်းစနစ်အတူတူက လာနေကြတာ။ နိုင်ငံရေးမျိုးဆက်တစ်ခုကနေ နောက်မျိုး ဆက်တစ်ခု ဖြစ်လာနေပြီ။ သူတို့က အ တူတူသော မူဝါဒကိုပဲ အကောင်အထည် ဖော်နေကြတယ်”လို့ ဆိုခဲ့ပါတယ်။

ပါမောက္ခ ပစ်ပါနောရစ်ကတော့ “ဒီလူတွေက လူမှုအဖွဲ့အစည်းတစ်ခုမှာ အာဏာနဲ့ သက်ဆိုင်သမျှကိစ္စတွေကို လုံးဝဆန့်ကျင်နေကြသူတွေ”လို့ ဆိုပါ တယ်။ နိုင်ငံရေးပါတီတွေကနေ၊ သတင်း မီဒီယာ၊ စီးပွားရေး အကျိုးစီးပွားကိစ္စတွေ၊ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေ၊ သိပ္ပံ ပညာရှင်တွေ အားလုံးကို ဆန့်ကျင်နေကြ တာလို့ သူက ဆိုပါတယ်။
ဒီလို လူပြိန်းကြိုက်ဝါဒီအကြောင်း နယ်ပယ်အသစ်ကတော့ လေ့လာနေကြ ဆဲ၊ ပြောဆိုဝေဖန်နေကြဆဲ ရှိပါတယ်။ မိတ်ဆက်သဘောမျှသာ…ဖတ်မိဖတ်ရာ တင်ပြလိုက်ကြောင်းပါ။

အကိုးအကား
1. Chantanusornsiri, Wichit. (May 3, 2018). Fiscal discipline can still save the day. The Bangkok Post. avialable online at https://www.bangkokpost.com/opinion/opinion/1456905/fiscal-discipline-can-still-save-the-day
2. Friedman, Uri. (February 27, 2017). What is populist? and Donald Trump one?. The Atlantic Journal.
3. Friedman, Uri. (June 4, 2017). How Populism Helped Wreck Venezuela. The Atlantic Journal.
4. The Economist. April 12, 2006. The Return of Populism.
5. Torre, Carlos de la. (ed.). 2015. The Promise and Perils of Populism: Global Perspectives. The University Press of Kentucky.