အရက်သောက်ခေါ်သည်ကို မလိုက်သဖြင့် သေနတ်ဖြင့် ပစ်သတ်

0
466

ကျွန်းစုမြို့နယ် တောပြားကြီးကျေး ရွာအုပ်စုတွင် ဩဂုတ်လ ၅ ရက်က အရက်သောက်ခေါ်သည့်နောက်ကို မလိုက်သည့် အမျိုးသားတစ်ဦးကို ခြံနီးချင်းဖြစ်သူက တူမီးသေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
တောပြားကြီးကျေးရွာအုပ်စုရှိ ဥယျာဉ်ခြံအတွင်း အသက် ၃၃ နှစ် အရွယ်ရှိ သေဆုံးသူ အမျိုးသားအပါ အဝင် မိသားစု ၃ ဦးနေထိုင်ပြီး ဩဂုတ် လ ၅ ရက် မနက်ပိုင်းက ခြံချင်းကပ်တွင် နေထိုင်သည့် အသက် ၅၆ နှစ်အရွယ် အမျိုးသားက အရက်သောက်ရန် ခေါ် ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သေဆုံးသူအမျိုးသားက မသောက် လိုကြောင်း ပြန်ပြောရာ အသက် ၅၆ နှစ်အရွယ်ရှိ အမျိုးသားက အသင့်ယူလာ သည့် တူမီးသေနတ်ဖြင့် ပစ်သတ်ခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။
သေဆုံးသူ အမျိုးသားလဲကျသွား ချိန်တွင် သေနတ်ဖြင့်ပစ်သည့် အမျိုး သားက အသင့်ယူလာသည့် ဓားမြှောင် ဖြင့် နားရွက်ကို ထပ်မံလှီးဖြတ်နေသည်ကို အသက် ၂၄ နှစ်အရွယ်ရှိ ဇနီးဖြစ်သူ က မြင်တွေ့ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၀၂ (လူသတ်မှု)ဖြင့် ကျွန်းစုမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း တိုင်းရဲ တပ်ဖွဲ့မှတ်တမ်းအရ သိရသည်။