မြိတ် ပြေးခုန်ပစ်ကစားသမားနှစ်ဦး ယမန်နှစ် တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲ စံချိန်ချိုး

0
425

တနင်္သာရီတိုင်း မြို့နယ်ပေါင်းစုံ အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲတွင် မြိတ်မြို့မှ ပြေးခုန်ပစ် ကစား သမားနှစ်ဦးသည် ယမန်နှစ်တိုင်းနှင့် ပြည်နယ်ပြေးခုန်ပစ် အားကစားနည်း နှစ်မျိုး၏ စံချိန်ကိုချိုးဖျက်နိုင်ခဲ့ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီး ဌာနထံက သိရသည်။

ယမန်နှစ်က ကျင်းပခဲ့သည့် တိုင်း နှင့်ပြည်နယ် အမျိုးသမီးပြေးခုန်ပစ် ပြိုင်ပွဲတွင် အကွာအဝေးကို ကချင်ပြည် နယ် ကစားသမားနှစ်ဦးက သံလုံးပစ် တွင် ၇ ဒဿမ ၅ မီတာနှင့် လှံတံပစ်တွင် ၂၃ ဒဿမ ၄၄ မီတာဖြင့် စံချိန်တင် ထားကြောင်း အထက်ပါဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။
ယင်းစံချိန်ကို တနင်္သာရီတိုင်းတွင်း မြို့နယ်ပေါင်းစုံ ပြိုင်ပွဲတွင် မြိတ်မြို့က အမျိုးသမီးအားကစားသမားက သံလုံး ပစ် တွင် ၈ ဒဿ ၀၄ မီတာဖြင့်လည်း ကောင်း၊ လှံတံပစ်တွင် ၂၄ ဒဿမ ၁၂ မီတာဖြင့်လည်းကောင်း စံချိန်ချိုး ဖျက် နိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် တိုင်းနှင့်ပြည်နယ်ပြိုင် ပွဲ အမျိုးသား လှံတံပစ်ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းမှ ကစားသမားတစ်ဦးက ၃၇ ဒဿမ ၉၄ မီတာဖြင့် စံချိန်တင် ထားသည်ကို မြိတ်မြို့က အမျိုးသား ကစားသမားက ၃၈ ဒဿမ ၂၅ မီတာဖြင့် စံချိန်ချိုးဖြတ်နိုင်ခဲ့သည်။
“ဒီနှစ် ဆယ်မြို့နယ်ပြိုင်ပွဲရဲ့ ထူးခြား ချက်က မနှစ်က တိုင်းနဲ့ပြည်နယ် ပြိုင်ပွဲ က ကစားနည်းနှစ်ခုရဲ့ စံချိန်ကို ချိုးလိုက် နိုင်တာပဲ”ဟု ဦးစိုးမိုးနိုင်က ဆိုသည်။

တိုင်းတွင်း မြို့နယ်ပေါင်းစုံပြိုင်ပွဲ ကို ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက်မှ ၆ ရက်အထိ တိုင်းအားကစားကွင်းတွင် ကျင်းပခဲ့ပြီး တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲကို နေပြည်တော်တွင် လာမည့် အောက်တို ဘာလတွင် ကျင်းပမည်ဖြစ်သည်။