ကျေးရွာပေါင်း နှစ်ရာနီးပါးကို စည်ပင်နယ်နိမိတ်သတ်မှတ်

0
418

တနင်္သာရီတိုင်းအတွင်းရှိ ကျေးရွာ ပေါင်းနှစ်ရာနီးပါးကို သက်ဆိုင်ရာမြို့နယ်စည်ပင်နယ်နိမိတ်အတွင်းရှိ ရွာများ အဖြစ် ယခုနှစ်အတွင်း သတ်မှတ်လိုက် သည်။
တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေအရ မြို့အသွင်ဖွံ့ဖြိုးတိုးတက် လာနိုင်သည့် ကျေးရွာများ၊ မြို့နှင့် မြို့ အသွင်ဖွံ့ဖြိုးတိုးတက်လာနိုင်သည့် ကျေးရွာ ၁၈၇ ရွာကို သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ထိုသို့ထည့်သွင်းရာတွင် တစ်ဆက် တစ်စပ်တည်းရှိသည့် ကျေးရွာများကို တစ်ဆက်တည်း ထည့်သွင်းခဲ့ခြင်း မဟုတ်ဘဲ နောင်တစ်ချိန်တွင် မြို့ကဲ့သို့ ဖွံ့ဖြိုးလာနိုင်သည့် ကျေးရွာများကိုသာ နယ်နိမိတ်အဖြစ် သတ်မှတ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးလှမျိုးက ဆိုသည်။
“ကြားမှာရှိတဲ့ ရွာငယ်လေးတွေကို တော့ ထည့်ချင်မှ ထည့်ဦးမယ်၊ မြေပုံ ကြီးကို ချဲ့ပြီးထည့်လိုက်တာ မဟုတ် ဘူး”ဟု ဦးလှမျိုးက ဆိုသည်။

စည်ပင်နယ်နိမိတ်အတွင်း ထည့်သွင်း သင့်သည့် ကျေးရွာများကို သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီ များက ဆုံးဖြတ်ပြီး တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ထံ တင်ပြရ ကြောင်း ၎င်းက ရှင်းပြသည်။
တိုင်းစည်ပင်မှတစ်ဆင့် တိုင်းအစိုးရ ကိုတင်ပြကာ တိုင်းအစိုးရအဖွဲ့အစည်း အဝေးတွင် ဆုံးဖြတ်အတည်ပြုကြောင်း ဦးလှမျိုးက ဆိုသည်။
လက်ရှိနယ်နိမိတ်တိုးချဲ့သတ်မှတ် ခြင်းက မြို့နယ်စည်ပင်နယ်နိမိတ်ကို တိုးချဲ့ခြင်းသာဖြစ်ပြီး မြို့၏စည်ပင် ဧရိယာကို တိုးချဲ့ခြင်းမဟုတ်ပေ။
ယင်းကဲ့သို့ နယ်နိမိတ်ဝင်အဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် ကျေးရွာနေ ပြည်သူများအနေဖြင့် တာဝန်များပိုမို များလာသကဲ့သို့ ရပိုင်ခွင့်များလည်း ရှိလာမည်ဖြစ်သည်။

ယင်းအပြင် ဈေးဆိုင်များ၊ သားသတ် လုပ်ငန်းများ အစရှိသည့်လုပ်ငန်းများကို စည်ပင်ဥပဒေအရ အခွန်စည်းကြပ်မှုများ ရှိလာမည်ဖြစ်သည်။
ရပိုင်ခွင့်များအနေဖြင့် ကျေးရွာ ဈေးဆောက်ခြင်း၊ လမ်းတံတားလုပ်ခြင်း အစရှိသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း များ လုပ်ဆောင်ပေးရမည် ဖြစ်သည်။
ယင်းကဲ့သို့ သတ်မှတ်လိုက်ခြင်း အပေါ် ကြိုဆိုသူများရှိသကဲ့သို့ အခွန် အခ ပိုမိုပေးဆောင်ရမည်ဟု ယူဆသူများ လည်းရှိနေသည်။
စည်ပင်နယ်နိမိတ်ဝင်အဖြစ် သတ် မှတ်လိုက်ခြင်းကို ကြိုဆိုပြီး အမှိုက်သိမ်း စနစ်၊ မိလ္လာစနစ်များ စနစ်တကျရှိလာ မည်ဟု မျှော်လင့်ရကြောင်း ကော့သောင်း မြို့နယ် မလိဝမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ပြောသည်။
“အခွန်အကောက်တွေကလည်း မလွဲမသွေ ကြုံလာရတော့မယ်ဆိုတော့ လူထုကို နားလည်အောင် ကျယ်ကျယ် ပြန့်ပြန့် ရှင်းပြဖို့ လိုလိမ့်မယ်ထင်တယ်”ဟု ဦးဇော်ဝင်းက ပြောသည်။

လတ်တလောတွင် စည်ပင်နယ် နိမိတ်အတွင်း ထည့်သွင်းလိုက်သည့် ကျေးရွာများတွင် အခွန်အခများ လတ် တလော မကောက်ခံရန် ညွှန်ကြားထား ကြောင်း တနင်္သာရီတိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးလှမျိုးက ဆိုသည်။
“ပြည်သူလူထုနစ်နာအောင် အခု လောလောဆယ် ဘာမှမလုပ်ဖို့ မြို့နယ် တွေကို ပြောထားတယ်၊ ဒီဥပဒေအရ အိမ်ခွန်တွေ လိုက်ကောက်ခွင့်ရှိသွား တယ်၊ အဲဒါလုံးဝမကောက်နဲ့ ပြောထား တယ်”ဟု ဦးလှမျိုးက ပြောသည်။
သို့ရာတွင် စည်ပင်နယ်နိမိတ်မဟုတ် သော်လည်း ယခင်ခေတ်အဆက်ဆက် က ကောက်ခံနေသည့် အိမ်ခွန်များကိုမူ ဆက်လက် ကောက်ခံမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါရွာများ၌ အိမ်ဆောက်လုပ် ရာတွင် ယခင်က မိမိသဘောဖြင့် အဆင် ပြေသလိုဆောက်လုပ်ရာမှ ယခုကဲ့သို့ သတ်မှတ်လိုက်ခြင်းကြောင့် မြို့နယ် စည်ပင် သာယာရေးအဖွဲ့ထံတွင် ခွင့်ပြု မိန့် တောင်းယူရမည် ဖြစ်သည်။
စည်ပင်နယ်နိမိတ်အဖြစ် သတ်မှတ် လိုက် သည့်အတွက် အိမ်ဆောက်ရာတွင် အစိုးရဌာနများကို သွားရောက်ရမည်ဖြစ် သည့်အတွက် အခက်အခဲများဖြစ်လာ နိုင်ကြောင်းလောင်းလုံးမြို့နယ် စမ်းလှမ်း ကျေးရွာနေ ဦးနိုင်လင်းက ဆိုသည်။
“ကိုယ့်အိမ်ကိုယ့်ရာဆောက်ဖို့ကိုတောင်မှ အခက်အခဲဖြစ်လာမယ့် အနေ အထားမျိုး ဖြစ်လာတာပေါ့၊ ပြောရမယ် ဆိုရင်တော့ စည်ပင်ထဲ ထည့်လိုက်တာ လုံးဝသဘောမကျဘူး”ဟု ဦးနိုင်လင်းက ပြောသည်။

သို့ရာတွင် ယင်းကဲ့သို့ သတ်မှတ် လိုက် ခြင်းကြောင့် စည်ကမ်းတကျဖြစ် လာမည်ဟု ယုံကြည်နေသူများလည်း ရှိသည်။
စည်ပင်နယ်နိမိတ်အဖြစ် သတ်မှတ် ခြင်းကို ဝမ်းသာကြိုဆိုပြီး ရပ်ရွာအတွင်း အိမ်ဆောက်လုပ်ခြင်းကဲ့သို့ ကိစ္စများတွင် စည်းကမ်းတကျ ဖြစ်လာမည်ဟု ယူဆ ကြောင်း ထားဝယ်မြို့နယ် ကနိုင်းဒါ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်အေး က ဆိုသည်။
“ဒီလိုသတ်မှတ်လိုက်တာကို ကြိုက် တယ်။ ဒါပေမဲ့ လူထုလက်ခံဖို့ လက်မခံ ဖို့ဆိုတာ စည်ပင်ရဲ့လုပ်ဆောင်ချက်အပေါ် မှာ မူတည်ပါတယ်”ဟု မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဌေးက ပြောသည်။
လက်ရှိသတ်မှတ်လိုက်သည့် စည်ပင် နယ်နိမိတ်တွင် မပါဝင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့တွင် ၎င်းတို့ရွာကို နယ်နိမိတ်အဖြစ် သတ်မှတ်ခြင်းကို လိုလာသူများလည်း ရှိသည်။

“မျှော်လင့်နေပါတယ်၊ စည်ပင်နယ် နိမိတ်မှာ ပါတဲ့ရွာတစ်ရွာဖြစ်ဖို့၊ ရွာတွေ အတွက် ပိုကောင်းလာမယ်ထင်ပါတယ်” ဟု လောင်းလုံးမြို့နယ် မြို့ဟောင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးချောက ဆိုသည်။
သရက်ချောင်းမြို့နယ် သရက်နှစ်ခွ ကျေးရွာနေ မချိုဇင်ငြိမ်းကလည်း ၎င်းနေ ထိုင်သည့် ရွာကို စည်ပင်နယ်နိမိတ်အဖြစ် သတ်မှတ်လိုက်ခြင်းကို ကျေနပ်ပြီး ရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ယခင်ထက် ပိုလုပ် လာနိုင်မည်ဟု ယူဆကြောင်း ပြောသည်။
စည်ပင်နယ်နိမိတ်အဖြစ် သတ်မှတ် လိုက်ခြင်းက မိမိတို့ရပ်ရွာ ယခင်ကာ လထက် ဖွံ့ဖြိုးလာမည်လောဆိုသည့် အပေါ် စောင့်ကြည့်ရမည်ဟု ပြောဆိုသူ များလည်း ရှိသည်။

“ရွာတွေကျေနပ်အောင် ရတဲ့အခွန် အပေါ်မှာမူတည်ပြီး စည်ပင်ကလည်း ပြန်လုပ်ပေးရမှာပေါ့၊ စည်ပင်က ဘယ် လောက် လုပ်ပေးနိုင်မလဲဆိုတာ စောင့် ကြည့်ဖို့တော့လိုမယ်”ဟု မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဌေးက ပြောသည်။

စည်ပင်နယ်နိမိတ်အတွင်း ထည့်သွင်း သည့် ကျေးရွာများစာရင်းကို စာ – ၂၃ တွင် ဖော်ပြထားသသည်။