ထီးခီးလမ်း အဆင့်မြှင့်တင်မည့်လုပ်ငန်းစချိန် ခန့်မှန်းသည်ထက် နောက်ကျမည်

0
542

ထီးခီးလမ်း အဆင့်မြှင့်မည့်လုပ် ငန်းစတင်ရန် ခန့်မှန်းထားသည့်အချိန် ထက် အနည်းငယ်နောက်ကျနိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။
ထီးခီးလမ်း အဆင့်မြှင့်ရန်အတွက် ထိုင်းနိုင်ငံမှ ချေးငွေရယူမည်ဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံဘက်က အ ကြောင်းပြန်ကြားလာခြင်း မရှိသေးသ ဖြင့် လုပ်ငန်းစတင်ရန် ခန့်မှန်းထား သည့်အချိန်ထက် နောက်ကျနိုင်ကြောင်း ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ဆိုသည်။
ထီခီးလမ်း အဆင့်မြှင့်မည့်လုပ် ငန်းကို မကြာမီလများအတွင်း စတင် မည်ဟု ဦးဖြိုးဝင်းထွန်းက ပြီးခဲ့သည့် မတ်လတွင် ပြောဆိုခဲ့သည်။
ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံသို့ ဆက်သွယ်ထားသည့် ထီး ခီးလမ်းကို အဆင့်မြှင့်ရန် ထိုင်းနိုင်ငံမှ ဘတ်ငွေ ၄ ဒသမ ၅ ဘီလီယံကို ချေး ယူမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြည်ထောင်စုအစိုး ရနှင့် ပြည်ထောင်စုလွှတ်တော်တို့က အ တည်ပြုဆုံးဖြတ်ကာ ချေးငွေရယူမည့် အကြောင်း ယခုနှစ်အတွင်းက ထိုင်းနိုင်ငံ ကို အကြောင်းကြားထားသည်။
ချေးငွေယူမည်ဟု ပြည်ထောင်စု လွှတ်တော်တွင် မတ်လ ၂၆ ရက်က အ တည်ပြု ဆုံးဖြတ်ခဲ့သည်။
မြန်မာဘက်က ချေးငွေလက်ခံမည် ဟု အကြောင်းပြန်ပြီး ၆ လ မှ ၈ လ အတွင်း ထိုင်းနိုင်ငံဘက်က အကြောင်း ပြန်ရမည်ဖြစ်ပြီး လက်ရှိအချိန်ထိ ထိုင်း နိုင်ငံဘက်က အကြောင်းပြန်လာခြင်း မရှိသေးကြောင်း ဝန်ကြီးဦးဖြိုးဝင်းထွန်း က ဆိုသည်။
“အဓိကကတော့ ထိုင်းရဲ့ အ ကြောင်းပြန်မှုအပေါ် မူတည်ပါတယ်၊ ကျွန်တော်တို့ကတော့ အမြန်ဆုံးဖြစ်စေ ချင်ပါတယ်၊ ၂၀၁၉ အစောပိုင်းလောက် (လုပ်ငန်းစတင်နိုင်)ဖြစ်မယ်လို့ ခန့်မှန်း ပါတယ်”ဟု ဝန်ကြီးဦးဖြိုးဝင်းထွန်းက ပြောသည်။
လက်ရှိတွင် မိုးရွာသွန်းမှု များပြား ခြင်းကြောင့် အဆိုပါ လမ်းပိုင်းက ဆိုး ရွားစွာ ပျက်စီးနေသည်။

အဆိုပါလမ်းပိုင်းရှိ နေရာတချို့ တွင် ဆိုးရွားစွာ ပျက်စီးနေပြီး သွားလာ နေသည့် ကားများအတွက် အန္တရာယ်ရှိ ကြောင်း ထီးခီးနယ်စပ်သို့ ကားဖြင့် အမြဲ တမ်းသွားလာနေသူတစ်ဦးဖြစ်သည့် ဦးပြည့်ဖြိုးဇော်က ဆိုသည်။
“ဈေးကားတွေဆို ပစ္စည်းအပြည့်နဲ့ ဆို အန္တရာယ်ရှိတယ်”ဟု ဦးပြည့်ဖြိုးဇော် က ပြောသည်။
ပျက်စီးနေသည့် လမ်းပိုင်းနေရာ အချို့ကို လမ်းဦးစီးဌာနနှင့် လက်ရှိ လမ်းကို တာဝန်ယူဖောက်လုပ်ထားသည့် အီတာလျံ-ထိုင်းကုမ္ပဏီတို့က ပြုပြင် လျက်ရှိကြောင်း ဝန်ကြီးဦးဖြိုးဝင်းထွန်း က ဆိုသည်။

ထီးခီးလမ်းကို မြ၀တီ- ကော့က ရိတ်လမ်းကဲ့သို့ အဆင့်မြှင့်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
လမ်းအဆင့်မြှင့်ရန်အတွက် ချေး ငွေကို နှစ် ၃၀ အတွင်း ပြန်ဆပ်ရမည်ဖြစ် ပြီး ပထမ ၁၀ နှစ်တွင် အတိုးမဲ့ဖြစ်ကာ ကျန်သည့် နှစ် ၂၀ တွင် ၀.၁ ရာခိုင်နှုန်း အတိုးဖြင့် ပေးဆောင်ရမည် ဖြစ်သည်။
အဆိုပါလမ်းအဆင့်မြှင့်ခြင်း လုပ် ငန်းကို လပေါင်း ၃၀ အပြီး လုပ်ဆောင် မည်ဖြစ်ပြီး လမ်းတစ်လျှောက်ရှိ ကျေး ရွာ ၁၅ ရွာကို ဖြတ်သန်းရမည်ဖြစ်သည်။

လက်ရှိတွင် အထူးစီးပွားရေးဇုန်နှင့် ထီးခီးနယ်စပ်ကို မြေသားလမ်းဖောက် လုပ်ထားပြီး ပြန်လည်အဆင့်မြှင့်တင်ချိန် တွင် လက်ရှိလမ်းအူကြောင်း၏ ၈၅ ရာ ခိုင်နှုန်းကို ပြန်လည်အသုံးပြုမည်ဖြစ် သည်။