ကံပေါက်တွင် ယာဉ်လိုင်စင် သက်တမ်းတိုးနှင့် ယာဉ်မောင်းလိုင်စင် ပြုလုပ်ပေးမည်

0
370

တနင်္သာရီတိုင်းဒေသကြီး၊ ကံ ပေါက်ဒေသတွင် ယာဉ်လိုင်စင်သက် တမ်းတိုးခြင်းနှင့် ဆိုင်ကယ်မောင်းလိုင် စင်များ ကို စက်တင်ဘာ၂၂ ရက်တွင် ပြုလုပ်ပေးမည်ဖြစ်ကြောင်း တိုင်းဒေ သကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန် ကြားမှု ဦးစီးဌာန(ကညန)ထံမှ သိရ သည်။
လာရောက်လျှောက်ထားသူများကို အကန့်အသတ်မရှိ ပြုလုပ်ပေးမည်ဖြစ်ပြီး မှတ်ပုံတင်မူရင်း၊ မိတ္တူနှင့် ပတ်စ်ပို အရွယ် ရောင်စုံဓာတ်ပုံ ၃ ပုံ ဖြင့် လာရောက်လျှောက်ထားနိုင်ကြောင်း အထက် ပါဌာနထံမှ သိရသည်။

ပြုလုပ်မည့်နေရာကို မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှစီစဉ်ပေး မည်ဖြစ်ပြီး လက်ရှိအချိန်အထိ မည် သည့်နေရာတွင်ပြုလုပ်ပေးမည်ကို မသိ ရသေးကြောင်း တိုင်းဒေသကြီးကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန တိုင်း ဦးစီးမှူးဦးထင်ပေါ်က ပြောသည်။
ယမန်နှစ်ကလည်း ကံပေါက်ဒေသ တွင် ယင်းသို့ ကွင်းဆင်းပြုလုပ်ပေးဖူး ကြောင်း ယင်းဌာနထံမှ သိရသည်။