မူးယစ်ဆေးနှင့်သံသယရှိက ရနောင်းအဝင်တွင် ဆီးစစ်

0
662

ကော့သောင်းနယ်စပ် ထွက်ပေါက် မှ ထိုင်းနိုင်ငံသို့ အကြောင်းအမျိုး မျိုးဖြင့် သွားရောက်ကြသည့် မြန်မာအမျိုး သားတစ်ချို့ကို ထိုင်းနိုင်ငံရနောင်းမြို့ ဖန်ပလာဆိပ်တွင်ဆီးစစ်ခိုင်းလျက်ရှိ သည်ဟု ကော့သောင်း ရနောင်းပဲ့ချိတ် မောင်းနေသူများထံမှ သိရသည်။
ရနောင်းသို့ သွားလာကြသည့် ရေ လုပ်သား၊ ပဲ့ချိတ်ယာဉ်မောင်းနှင့်ခရီးသည်အမျိုးသားများ၏ ရုပ်အသွင် အပြင်ကိုကြည့်ပြီး မသင်္ကာပါက မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိမရှိ စစ်ဆေးမှု ပြုလုပ်ခြင်းဖြစ်သည်ဟု ယင်းအသိုင်းအဝိုင်းက ဆိုသည်။

ရနောင်းသို့မရောက်မီ မြန်မာရေပိုက်နက်ကျော်ထိုင်းရေပိုက်နက် တစ် ဝက်အရောက် ဒေသအခေါ် ရေလယ် ကျောက်ပုံရှိတပ်ရင်း ၂၅ မှ မူးယစ်အထူး ရှာဖွေရေး ခွေးများဖြင့်လှေပေါ်လှေ အောက်စစ်ဆေးခြင်း ၊ အမျိုးသားများ၏ ကိုယ်ပေါ် ရှာဖွေခြင်းများ ပြုလုပ်ပြီးမှသာ ရနောင်းမြို့သို့ဝင်ရသည်ဟု ပဲ့ချိတ် သမားများက ဆိုသည်။

“ရနောင်းဖန်ပလာပဲ့ချိတ်ဆိပ်ရဲ တွေက သူတို့ကြည့်လိုက်လို့ မင်္သကာ တဲ့သူဆို ဆီးစစ်ခိုင်းတယ် ဆီးငြိတယ် (ဆီးထဲပေါ်တယ်) ဆိုရင် အဖမ်းခံရ တာပဲ” ဟု ကော့သောင်း ရနောင်း ပဲ့ချိတ်မောင်းနေသည့် ဦးစိုးသိန်းက ဆိုသည်။
မြန်မာလူမျိုးများ ထိုင်းနိုင်ငံသို့ ဝင်မည်ဆိုပါက စစ်ဆေးရေးဂိတ် ၂ခုတွင် အဆင့်ဆင့်အချိန်ကြာမြင့်စွာအစစ်ဆေးခံပြီးမှသာ မြို့ထဲသို့ ဝင်ရ သည်။