တနင်္သာရီမြို့ဟောင်းတောင်ဘက် အုတ်မြို့ရိုးပြိုကျ

0
398

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြိတ်ခရိုင် တနင်္သာရီမြို့ရှေးဟောင်းမြို့၏ တောင်ဘက်အုတ်မြို့ရိုးမှာ ဩဂုတ်လ ၅ ရက်က ပြိုကျခဲ့ကြောင်း တနင်္သာရီ မြို့နယ်စာပေနှင့် ယဉ်ကျေးမှုအမွေ အနှစ် ထိန်းသိမ်း မြှင့်တင်ရေးကော်မတီထံမှ သိရသည်။
တနင်္သာရီမြို့မုခ်ပေါက်အဝင်လမ်း ညာဘက်ရှိ အမြင့် ၂၈ ပေရှိသည့် တောင်ဘက်မြို့ရိုးမှ မြေပြိုကျခဲ့ခြင်းဖြစ် ကြောင်း ယင်းကော်မတီထံမှ သိရသည်။

မြေနှင့်အတူ ပြိုကျခဲ့သည့် အလျား ၁၄ လက်မ၊ အနံ ၈ လက်မနှင့် အထူ ၂ လက်မခွဲခန့်ရှိ ရှေးဟောင်းအက္ခရာ တစ်ချို့ပါ ရှေးဟောင်းအုတ်များနှင့် အုတ်အကျိုးအပဲ့များ စုစုပေါင်း အုတ် အလုံးရေ ၅ ထောင်နီးပါးခန့် ထိန်း သိမ်းထားရကြောင်း ကော်မတီ ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ပြောပြသည်။

“ထပ်ပြီးတော့ ပြိုကျမယ့် အလား အလာရှိနေတယ်”ဟု ဥက္ကဋ္ဌ ဦးသန်းစိုး ဝင်းက ပြောသည်။
ဇူလိုင်လမှစပြီး လက်ရှိအချိန်အထိ မိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် မြို့ရိုးပြိုကျလာမည့် အနေအထားရှိနေ သည့်အတွက် သက်ဆိုင်ရာဌာနများမှ လိုအပ်သည်များကို ကွင်းဆင်းဆောင် ရွက်ထားရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီမြို့ဟောင်းအား ရှေး ဟောင်းနေရာ တည်ရှိရာဇုန်နှင့် ကာ ကွယ်ထိန်းသိမ်းထားသောဇုန်အဖြစ် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ယခုနှစ် ဇန်နဝါရီလက သတ်မှတ် ထား သည်။