ထားဝယ်နည်းပညာ ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲ အမျိုးသမီးကိုယ်စားလှယ် ပါဝင်မှုနည်း

0
374

ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အလုပ်အမှု ဆောင် ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးချယ်ခံမည့် အမျိုးသမီးကိုယ်စား လှယ် နည်းပါးနေကြောင်း ယင်းတက္က သိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရသည်။
ယင်းအလုပ်အမှုဆောင်ဖွဲ့ ရွေး ကောက်ပွဲတွင် ဝင်ရောက် အရွေးချယ်ခံ မည့် ကိုယ်စားလှယ်လောင်း ၁၈ ဦး အမည်စာရင်း ပေးပို့ထားသည့်အနက် အမျိုးသမီး ၃ ဦးသာ ဝင်ရောက် အရွေးချယ်ခံကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ခန့်မော်က ပြောသည်။

“ကျွန်တော်တို့လူမှုအသိုင်းအဝိုင်း က မိန်းကလေးတွေဆိုတာ နူးညံ့သိမ်မွေ့ မှုရှိတယ်ပေါ့၊ ယောက်ျားတွေက သန်မာ တယ် ခေါင်းဆောင်လုပ်ရမယ်ပေါ့။ အဲဒီ လိုကန့်သတ်တာတွေ သူတို့(ကျောင်းသူ) စိတ်ထဲမှာ ရှိနေသေးလို့ ဝင်မပြိုင်ကြတာ ဖြစ်မယ်”ဟု ၎င်းက ဆိုသည်။

ဝင်ရောက်အရွေးချယ်ခံသည့် အမျိုးသမီး သုံးဦးအနက် တစ်ဦးမှာ အတွင်းရေးမှူး(၂) နေရာကို အရွေးချယ် ခံပြီး ကျန်နှစ်ဦးမှာ စာပေနှင့် အနုပညာ တာဝန်ခံနေရာကို ဝင်ရောက် အရွေးချယ် ခံခြင်း ဖြစ်သည်။
“အမျိုးသမီးတွေပါတာ နည်းတယ် ဆိုရင်တော့ တစ်ခုခု ဆုံးဖြတ်ချက်ချ မယ်ဆို အားနည်းချက်ရှိသွားနိုင်မယ်လို့ ထင်တယ်”ဟု ယင်းတက္ကသိုလ်တွင် မြို့ပြ အင်ဂျင်နီယာ တတိယနှစ်ကျောင်း သူ မအိဖြူသင်းခိုင်က ဆိုသည်။
ယင်းရွေးကောက်ပွဲကို ဩဂုတ်လ ၁၆ ရက်တွင် နည်းပညာတက္ကသိုလ် (ထားဝယ်)တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။