နှင်းဆီလမ်းရှိ ဆောက်လုပ်ဆဲ အဆောက်အအုံ ပြန်မဖျက်က တရားစွဲမည်ဟု စည်ပင်ဆို

0
413

ထားဝယ်မြို့၊ နှင်းဆီလမ်းတွင် အသစ်ဆောက်လုပ်လျက်ရှိသည့် သံ ထည်အဆောက်အအုံအား ပြန်ဖျက်ရန် အကြောင်းကြားထားပြီး ပြန်မဖျက်ပါက တရားစွဲဆိုသွားမည်ဟု ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိက ပြောသည်။
နှင်းဆီလမ်း တစ်လမ်းလုံးမှာ လမ်းမြေဧရိယာဖြစ်ပြီး ယခု အဆောက် အအုံသစ် ဆောက်လုပ်မှုအတွက် စည် ပင်သာယာရေးအဖွဲ့မှ ဒုတိယအကြိမ် တားမြစ်စာ ပေးပို့ထားပြီးဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိက ပြောသည်။

“ဖျက်ခိုင်းထားတာ မဖျက်ရင် တရားစွဲမယ်၊ ဒါ လုပ်ထုံးလုပ်နည်းအရ ပါပဲ”ဟု အမှုဆောင်အရာရှိက ပြော သည်။
ထားဝယ်မြို့ နှင်းဆီလမ်းအတွင်း နေထိုင်သူအားလုံးမှာ လမ်းမြေ ကျူး ကျော်သူများဖြစ်ပြီး ယင်းလမ်းအတွင်း အခိုင်အမာအဆောက်အအုံ မဆောက်ရန် စည်ပင်မှ ကြီးကြပ်ကွပ်ကဲနေရကြောင်း ၎င်းက ပြောသည်။
သံထည်အဆောက်အဦဆောက်နေ သည့် ဦးလှမြင့်ကမူ အဆောက်အဦမှာ မည်သည့်မြေကိုမျှ ကျူးကျော်ခြင်းမရှိဘဲ မိမိတို့အစဉ်အဆက်လုပ်ကိုင်နေထိုင်လာ သည့်အဆောက်အအုံ (ကားပြုပြင်ရေး) နေရာတွင် ပြန်ပြင်ဆောက်ခြင်းဖြစ်သည့် အတွက် ပြန်ဖျက်ရန် အကြောင်းမရှိဟု ပြောသည်။

“မဖျက်ဘူး၊ ဒီအတိုင်းပဲ ထားမယ်။ တရားစွဲမယ်ဆိုရင်တော့ အမှန်အတိုင်း တွေ ပေါ်လာမှာပေါ့”ဟု ဦးလှမြင့် ပြော သည်။
မြေနေရာနှင့် လုပ်ငန်းအတွက် မြေခွန်၊ စည်ပင်ခွန်၊ လုပ်ငန်းလိုင်စင် ခွန်များ ပေးဆောင်လာခဲ့သည့် အထောက် အထားများရှိပြီး စည်ပင်မှ ယခင်ကတည်း က ဤနေရာများအား လမ်းမြေအဖြစ် လာရောက်သတ်မှတ် ထားခြင်းမျိုး မရှိကြောင်း ဦးလှမြင့်က ပြောသည်။
“ဒီနေရာက လူတွေနေလို့ လမ်း ဖြစ်လာတာ၊ သူတို့မှာ ဘယ်နေရာလမ်း၊ လမ်းဧရိယာ ဘယ်လောက်ဆိုတာ သတ်မှတ်ချက်မရှိဘဲ ကျွန်တော်တို့က လမ်းကျူးဆိုတာ မဖြစ်နိုင်ဘူး၊ သူတို့ (စည်ပင်)ကသာ လာကျူးတာပါ”ဟု ဦးလှမြင့်က ပြောသည်။

ယင်းနှင်းဆီလမ်းအတွင်းရှိ နေအိမ် များကို လမ်းကျူးများ သတ်မှတ်ကာ အိမ်အချို့အား ဖျက်သိမ်း၍ တန်ဖိုးနည်း အငှားအိမ်ရာပေါ်သို့ ပြောင်းရွှေ့ပေးရန် စီစဉ်နေလျက်ရှိပြီး ယင်းကိစ္စမှာ စိစစ် ဆောင်ရွက်ဆဲ ဖြစ်ကြောင်း အထက်ပါ ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိက ပြောသည်။
လမ်းအတွင်း နေထိုင်သူများကမူ မိမိတို့အိမ်များသည် ကျူးကျော်များ မဟုတ်ဟု ပြောင်းရွှေ့ရန် ငြင်းဆိုထား သည်။