ကျွန်းစုတွင် ပိုင်ရှင်မဲ့ မီးသွေး ဖောင်းအလုံးရေ ၄၀ နီးပါး ဖျက်ဆီး

0
432

မြိတ်ခရိုင် ကျွန်းစုမြို့နယ် တော ပြားကျေးရွာအုပ်စု တုံးဗြဲကျေးရွာအနီး တစ်ဝိုက်ရှိ ပိုင်ရှင်မဲ့ မီးသွေးဖောင်း အလုံးရေ ၄၀ နီးပါးအား ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖျက်ဆီးခဲ့ကြောင်း ကျွန်းစုမြို့နယ် သစ်တောဦးစီးဌာနနှင့် တောပြား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ထွေး ထံမှ သိရသည်။
မီးသွေးဖောင်းများကို ဇူလိုင်လ ၃၀ ရက်က ၄ လုံး၊ ဩဂုတ်လ ၄ ရက်တွင် ၁၅ လုံးနှင့် ဩဂုတ် ၅ ရက်တွင် ၂၂ လုံး စုစုပေါင်း ၃၇ လုံးအား ဖျက်ဆီး ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
“မလုပ်ဘဲနဲ့ထားထားတဲ့ ပိုင်ရှင်မဲ့ မီးသွေးဖောင်းတွေပါ” ဟု တောပြားကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ထွေး က ပြောသည်။

မီးသွေးဖောင်းလုပ်ငန်းသည် မြစ် ချောင်းအတွင်းရှိ ဒီရေတောများတွင် ပေါက်ရောက်နေသည့်အပင်များအား ခုတ်ယူပြီး တောင်နံရံကပ်တို့တွင် ( ၅ တောင်၊ ၆ တောင်၊ ၉ တောင်၊ ၁၀ ထောင် စသဖြင့်) မီးသွေးဖောင်းများပြု လုပ်ကြပြီး အချိန်အားဖြင့် ရက်သတ္တပတ် နှစ်ပတ်၊ တစ်လ၊ တစ်လခွဲခန့် မီးဖြင့် အပူပေးပြီးမီးသွေးအဖြစ်ရရှိအောင်ပြုလုပ်လေ့ရှိသည့် လုပ်ငန်းတစ်ခုဖြစ် ကြောင်း ကျွန်းစုကျေးရွာနေသူတချို့ ထံမှ သိရသည်။

ကျွန်းစုတစ်မြို့နယ်လုံးတွင် တရား ဝင်လိုင်စင်ဖြင့် ချပေးထားသည့် မီးသွေး ဖောင်းအလုံးရေ ဆယ်ဂဏန်းဝန်းကျင် သာရှိကြောင်း ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးအသိုင်းအဝိုင်းထံမှ သိရ သည်။
သစ်တောဌာနခွင့်ပြုချက်ဖြင့် တရားဝင်လုပ်ကိုင်နေသည့် မီးသွေး ဖောင်းထက် ဒေသတွင်း တရားမဝင်လုပ် ကိုင်နေကြသည့် မီးသွေးဖောင်းလုံးရေမှာ အဆပေါင်းပိုများကြောင်း ကျွန်းစုမြို့ နယ် ကျွဲခရံကျေးရွာအုပ်စုနေ အသက် ၃၅ နှစ်ရှိအမျိုးသားတစ်ဦးက ပြောပြ သည်။

“တရားဝင်လုပ်နေတာက ငါးလုံး လောက်ပဲ။ တကယ်မြေပြင်မှာလုပ်နေ တာက အလုံးရေတစ်ရာလောက် ရှိနေ တာ”ဟု ၎င်းက ဆိုသည်။

 

ဒီရေတောထင်းများကို အဓိကသုံး စွဲနေလုပ်ကိုင်နေကြသည့် မီးသွေးဖောင်း လုပ်ငန်းကြောင့် ဒီရေတောများ ပြုန်းတီး မှုများရှိနေကြောင်း အရပ်ဘက်အဖွဲ့ အစည်းတချို့က ထောက်ပြမှုများရှိနေ ခဲ့သည်။
ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာ အများစုတွင် မီးသွေးဖောင်းလုပ်ငန်းကို လုပ်ကိုင်လေ့ရှိကြပြီး မီးသွေးများကို မြိတ်၊ ရန်ကုန်ဈေးကွက်နှင့် ရေလမ်းဖြင့် ထိုင်းနိုင်ငံဈေးကွက်တို့ကို တင်ပို့ရောင်း ချ လေ့ရှိကြကြောင်း ကျွန်းစုမြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံများထံမှ သိရ သည်။