ဈေးကွက်အတွင်းရှိ ငရုတ်ဆီ ၃ မျိုး စားသုံးရန်မသင့်

0
472

တနင်္သာရီတိုင်းဈေးကွက်အတွင်းရှိ ငရုတ်ဆီ သုံးမျိုးကို ဓာတ်ခွဲစစ်ဆေးရာ စားသုံးရန်မသင့်သည့်ပစ္စည်း ပါဝင်နေ ကြောင်း အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(FDA) တနင်္သာရီ တိုင်းဒေသကြီးတာဝန်ခံက ပြောသည်။
ရန်ကုန်မြို့မှ တရားဝင်ထုတ်လုပ် နေသည့် Golden Lion   အမှတ်တံဆိပ် ငရုတ်ဆီနှစ်မျိုးတွင် ခွင့်ပြုတာရှည်ခံ ဓာတုပစ္စည်းများ သတ်မှတ်ပမာဏထက် ကျော်လွန်နေကြောင်း FDA တိုင်းဒေသ ကြီးတာဝန်ခံ ဒေါက်တာ ဟိန်းမင်းထက် အောင်က ဆိုသည်။
ထားဝယ်ဒေသတွင် ထုတ်လုပ် သည့် Chilles Sauce   တံဆိပ် ငရုတ်ဆီတွင်မူ ခွင့်ပြုထားခြင်းမရှိသည့် ဓာတုတာရှည်ခံ ပစ္စည်းပါဝင်နေကြောင်း ၎င်းက ပြောသည်။

အဆိုပါ ငရုတ်ဆီများကို ဇွန်လ အတွင်းက ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစစ်ဆေးခဲ့သည်။
ယင်းငရုတ်ဆီ ၃ မျိုးကို စားသုံးရန် မသင့်ကြောင်း ဇူလိုင်လတတိယ အပတ် တွင် ဓာတ်ခွဲစစ်ဆေးချက် အဖြေထွက် လာသည်။
ခွင့်မပြုဓာတုဆိုးဆေးကို စားသောက် မိပါက အစာအိမ်အူလမ်းကြောင်း ရောင် ရမ်းခြင်း၊ ပျို့အန်ခြင်း၊ ဦးနှောက်အာရုံ ကြော ထိုင်းမှိုင်းခြင်း အစရှိသည့် လတ် တလောဆိုးကျိုးများဖြစ်စေပြီး ရေရှည် တွင် ကင်ဆာရောဂါပါ ဖြစ်ပွားနိုင်ကြောင်း ဒေါက်တာဟိန်းမင်းထက်အောင်က ဆိုသည်။
“လုံးဝတားမြစ်ထားတဲ့ ဓာတုဆိုး ဆေး ပါနေတယ်၊ ရေရှည်စားမိရင် ကင်ဆာ ဖြစ်လာနိုင်တယ်”ဟု ဒေါက်တာ ဟိန်းမင်းထက်အောင်က ပြောသည်။
ယင်းအပြင် ခွင့်ပြုတာရှည်ခံ ဓာတု ပစ္စည်း သတ်မှတ်ပမာဏထက် ကျော် လွန်ပါကလည်း ကင်ဆာရောဂါ ဖြစ်နိုင် ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ဈေးကွက်အတွင်း အဆိုပါငရုတ်ဆီများ မရောင်းချကြရန် ကုန်စုံဆိုင်အချို့ကို အသိပေးပြောဆို ထားပြီး ယခုလ တတိယအပတ်တွင် ရောင်းချနေခြင်း ရှိ/မရှိကို ကွင်းဆင်း စစ်ဆေးမည်ဖြစ်ကြောင်း ဒေါက်တာ ဟိန်းမင်းထက်အောင်က ဆိုသည်။
စစ်ဆေးချိန်တွင် တွေ့ရှိပါက ပထမ အကြိမ်တွင် ပစ္စည်းများကို သိမ်းဆည်း သွားမည်ဖြစ်ပြီး နောက်တစ်ကြိမ် ထပ်မံ တွေ့ရှိပါက တိုင်းအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီထံတင်ပြကာ အမျိုးသား အစားအသောက် ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ငရုတ်ဆီက ပြည်သူအများစု စား သောက်နေသည့် စားသောက်ကုန်ဖြစ် သည့်အတွက် ရောင်းချခြင်းရှိ^မရှိကို အမြဲ တမ်း စစ်ဆေးသင့်ကြောင်း ထားဝယ်မြို့ခံ တစ်ဦးဖြစ်သူ ဦးသန်းဇော်လေးက ဆိုသည်။
“ဖမ်းမယ် ဆီးမယ်ပြောပြီး လက် တွေ့လုပ်ဖို့ လိုတယ်၊ ခဏတစ်ဖြုတ်ဆို ရင် ဘာမှမထူးဘူး”ဟု ဦးသန်းဇော်လေး က ပြောသည်။
Golden Lion  အမှတ်တံဆိပ်ပါ ငရုတ်ဆီ ထုတ်လုပ်နေသည့် ရန်ကုန်မြို့ မှ ပင်ရင်း စက်ရုံကို ရန်ကုန်တိုင်း FDA က အရေးယူမှုများ လုပ်ဆောင်မည်ဖြစ် ကြောင်း ဒေါက်တာ ဟိန်းမင်းထက်အောင် က ဆိုသည်။

ထားဝယ်ဒေသမှ ထုတ်လုပ်နေသည့် ငရုတ်ဆီက တရားဝင်ထုတ်လုပ်ခွင့်မရှိဘဲ ရောင်းချနေခြင်းဖြစ်ပြီး ထုတ်လုပ်သည့် ပင်ရင်းနေရာကို စုံစမ်းနေကြောင်း ၎င်း က ပြောသည်။
ပင်ရင်းနေရာကို တွေ့ရှိပါက ဈေး ကွက်အတွင်းရောက်ရှိနေသည့် ပစ္စည်း များကို ပြန်သိမ်းခိုင်းခြင်း၊ ဖျက်ဆီးပစ် ခြင်းများ လုပ်ဆောင်မည်ဖြစ်ပြီး စက်ရုံ ကိုလည်းပိတ်မည်ဖြစ်ကြောင်း ဒေါက်တာ ဟိန်းမင်းထက်အောင်က ဆိုသည်။
တနင်္သာရီတိုင်း ဈေးကွက်အတွင်းရှိ စားသောက်ကုန်အများစုက ထိုင်းနိုင်ငံမှ တရားမဝင် ဝင်ရောက်လျက်ရှိပြီး ဒေသ အတွင်း တွင်ကျယ်စွာ ရောင်းဝယ်စား သောက်နေကြသည်။