စားသုံးရန်မသင့် ချယ်ရီသီးများ ဈေးကွက်အတွင်းတွေ့ရှိက သိမ်းမည်

0
366

ခွင့်မပြုဆိုးဆေး ပါဝင်နေသည့် အတွက် စားသုံးရန်မသင့် ကြေညာထား သည့် မီခီကိုတံဆိပ် ချယ်ရီသီးများ ထားဝယ်ဈေးကွက်အတွင်း ရောင်းချနေ ဆဲဖြစ်ပြီး တွေ့ရှိပါက သိမ်းဆည်းမည် ဖြစ်ကြောင်း အစားအသောက်နှင့် ဆေး ဝါးကွပ်ကဲရေးဦးစီးဌာန(FDA ) တနင်္သာရီ တိုင်းဒေသကြီးတာဝန်ခံက ပြောသည်။
Miki-ko အမှတ်တံဆိပ်ပါ ချယ်ရီ သီးတွင် ရောဂါရှာဖွေရာတွင် အသုံးပြု သော ဓာတ်ခွဲခန်းသုံး ပစ္စည်းတစ်မျိုးဖြစ် သည့် ခွင့်မပြုဆိုးဆေး (Rhodamine B) တွေ့ရှိခဲ့ပြီး ပြီးခဲ့သည့် ၂ နှစ်ခန့်က စား သုံးရန်မသင့်ကြောင်း ကြေညာထားသည်။

ထားဝယ်ဈေးကွက်အတွင်း ဩဂုတ်လ ၉ ရက်က ကွင်းဆင်းရာတွင် အဆိုပါ အမှတ်တံဆိပ်ပါ ချယ်ရီသီးများ တွေ့ရှိ ခဲ့သည့်အတွက် သိမ်းဆည်းခဲ့ပြီး နောက်ပိုင်းတွေ့ရှိပါကလည်း ထပ်မံ သိမ်းဆည်းမည်ဖြစ်ကြောင်း FDA တိုင်း ဒေသကြီးတာဝန်ခံ ဒေါက်တာ ဟိန်းမင်း ထက်အောင်က ဆိုသည်။
ယခင်က ယင်းအမှတ်တံဆိပ် ချယ် ရီသီးများကို ကော်ဘူးအကြီးဖြင့် ထုပ်ပိုး ထားပြီး လက်ရှိတွင် ကော်ဘူးအသေးဖြင့် ထုပ်ပိုးထားသည်။
အဆိုပါချယ်ရီသီးများကို မော်လ မြိုင်မြို့က ထုတ်လုပ်နေသည်ဟု စုံစမ်း သိရှိရသည့်အတွက် ပင်ရင်းထုတ်လုပ် သည့်နေရာကို တားဆီးနိုင်ရန် နေပြည် တော်ရှိ FDA ရုံးချုပ်ထံ တင်ပြမည် ဖြစ်ကြောင်း ဒေါက်တာဟိန်းမင်းထက် အောင်က ဆိုသည်။

“ဒီပစ္စည်းတွေက ဈေးကွက်ထဲမှာ ရှိနေဆဲမို့ နေပြည်တော်ကို တင်ပြသွား မယ်”ဟု ၎င်းက ပြောသည်။
ခွင့်မပြုဆိုးဆေး ( Rhodamine B ) ပါဝင်သည့် အစားအစာကို စားသုံး မိပါက အစာအိမ်အူလမ်းကြောင်း ရောင် ရမ်းခြင်း၊ ပျို့အန်ခြင်း၊ ဦးနှောက်အာရုံ ကြော ထိုင်းမှိုင်းခြင်းစသည့် ဆိုးကျိုး များ ခံစားရမည်ဖြစ်ကြောင်း အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီး ဌာနထံမှ သိရသည်။