မြိတ်ခရိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးစပါးလယ်ဧက ငါးထောင်ကျော် ရေမြုပ်

0
392

ဇွန်လဆန်းပိုင်းမှ ဇူလိုင်လအကုန် အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြိတ်ခရိုင်တွင် မိုးစပါးစိုက်ပျိုးထား သည့် လယ်ဧက ၅ ထောင်ကျော်မှာ ရေကြီးနစ်မြုပ်ခဲ့ကြောင်း မြိတ်ခရိုင် စိုက် ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။

ဩဂုတ်လ ၁၁ ရက်အထိ စာရင်းအရ မြိတ်မြို့နယ်ရှိ ကျေးရွာ ၅ ရွာမှ တောင်သူ ၂၃၁ ဦးပိုင်သည့် ဧက ၆၅၅ ဧက၊ ကျွန်းစုမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် တောင်သူတစ်ဦးပိုင် ၅၀ ဧက၊ ပုလောမြို့နယ် ကျေးရွာ ၁၄ ရွာမှ တောင်သူ ၃၂၀ ဦးပိုင်ဆိုင်သည့် လယ် ၂၄၈၅ ဧကနှင့် တနင်္သာရီမြို့နယ်တွင် တောင်သူ ၄၈၆ ဦး ပိုင်ဆိုင်သည့် ၂၀၇၃ ဧက စုစုပေါင်း ၅၂၆၃ ဧက ရေလွှမ်း ခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုးသည်းထန်မှုကြောင့် လယ်ယာ မြေပေါ်တွင် ရေလွှမ်းပြီး နစ်မြုပ်ခဲ့ရသည့် လယ်ယာမြေ ၃၀၉၃ ဧကမှာ ပြန်ပေါ် နေပြီး၊ ၁၅၈၄ ဧကမှာ ထိခိုက်မှုရှိခဲ့ကာ ၉၁၃ ဧကမှာ ပျက်ဆီးခဲ့ရကြောင်း စိုက် ပျိုးရေးဦးစီးဌာန၏ စာရင်းအရ သိရ သည်။
တနင်္သာရီမြို့နယ်တွင် ရေကြီးရေ လျှံမှုများကြောင့် ကျေးရွာအုပ်စု ၁၇ အုပ် စုရှိ တောင်သူများ၏ လယ်ယာမြေများ ရေနစ်မြုပ်ပျက်စီးခဲ့ရကြောင်း တနင်္သာ ရီမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောပြ သည်။

လက်ရှိ တနင်္သာရီမြို့နယ်တွင် ရေ ဘေးဒုက္ခကို ခံစားနေရဆဲဖြစ်သည်။