ထီးခီးဂိတ်တွင် ရေထွက်ကုန်များ ညကိုးနာရီအထိ ဖြတ်သန်းခွင့်ပြု

0
383

ထိုင်း-မြန်မာနယ်စပ်တစ်နေရာ ဖြစ်သည့် ထီးခီးကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်ပစ္စည်းများကို ယခုလမှ စတင်ကာ ည ၉ နာရီအထိ ဖြတ်သန်းခွင့် ပြုနေကြောင်း ထီးခီးနယ်စပ်ကုန်သည် ကြီးများအသင်း(ယာယီ) ဥက္ကဋ္ဌ ဦးမြင့် ဆွေက ပြောသည်။

ယခင်က ညနေ ၄ နာရီအချိန် အထိသာ ဖြတ်သန်းခွင့်ပြုကြောင်း ဦးမြင့်ဆွေက ဆိုသည်။
ယခင်က ထားဝယ်ဒေသမှ တင်ပို့ လာသည့် ရေထွက်ကုန်ပစ္စည်းတင် ဆောင်သည့်ကားများက ညနေ ၅ နာရီမှ ည ၁၀ နာရီ အချိန်မှသာ ရောက်ရှိလာ လေ့ရှိသည့်အတွက် တင်ပို့သူများ အခက်အခဲဖြစ်ခဲ့ကြောင်း ၎င်းက ပြော သည်။
အဆိုပါ ရေထွက်ကုန်များကို ထိုင်း နိုင်ငံရှိ ဈေးတွင် မနက် ၂ နာရီ အရောက် သွားရောက်ရောင်းချရပြီး ထီးခီးသို့ အချိန်နောက်ကျမှရောက်လာပါက အချိန်မမီဖြစ်ကာ အခက်အခဲများ ကြုံ တွေ့ခဲ့ရကြောင်း ဦးမြင့်ဆွေက ဆိုသည်။
ယင်းအခက်အခဲများကို နယ်စပ် ကုန်သည်အသင်းက တိုင်းဒေသကြီး အစိုးရထံ ဇူလိုင်လ အစောပိုင်းက စာ ဖြင့်တင်ပြခဲ့ကြောင်း ၎င်းက ပြောသည်။

“ကုန်သည်တွေရဲ့ အခက်အခဲကို လုပ်ထုံးလုပ်နည်းနဲ့အညီ ညွှန်ကြားပေး လိုက်တဲ့အတွက်ကြောင့် ကုန်သည်တွေ လည်း အဆင်ပြေတာပေါ့”ဟု ထီးခီးနယ် စပ်ကုန်သည်ကြီးများအသင်း (ယာ ယီ) ဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောသည်။
တိုင်းအစိုးရက လုပ်ထုံးလုပ်နည်း နှင့်အညီ ညှိနှိုင်း၍ ကူညီဆောင်ရွက်ပေး ရန် ဇူလိုင်လ ၂၄ ရက်တွင် ကုန်သွယ်ရေး စခန်း တာဝန်ခံထံ စာပို့အကြောင်းကြား ခဲ့သည်။
“လျှော့လို့ရရင်တော့ လျှော့ပေးလို့ ပြောလိုက်တဲ့ သဘောလေးပေါ့”ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြား ရေးမှူး ဦးမိုးဇော်လတ်က ပြောသည်။

ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ကင်းမွန်နှင့် ငါးနီတူများ(ဒေသအခေါ် ရေကြည်ငါး) ကို ထီးခီးနယ်စပ်မှ ထိုင်း နိုင်ငံသို့ တင်ပို့နေပြီး မိုးရာသီတွင် တစ် ရက်လျှင် Vigo   ကား ၄ စီးခန့် တင်ပို့ ကာ နွေရာသီတွင် ယင်းပမာဏထက် ပိုများကြောင်း ထီးခီးနယ်စပ်ကုန်သည် ကြီးများအသင်း (ယာယီ)ထံမှ သိရ သည်။