တနင်္သာရီမြို့နယ်ရေဘေး ဩဂုတ်လ ၁၁ ရက်အထိ နောက်ဆုံး အခြေအနေ

0
434

၁) တနင်္သာရီမြို့နယ်တွင် ရေဘေး သင့်သည့်ရက်ပေါင်း တစ်လပြည့်ရန် ရက်ပိုင်းသာ လိုတော့သည်။
ဇူလိုင်လ ၁၇ ရက်တွင် ရေစကြီး ခဲ့သည်။
၂) တနင်္သာရီမြစ်၏ ဩဂုတ်လ ၁၁ ရက် ရေအမှတ်မှာ ၁၉ ပေ ၉ လက်မ ဖြစ်သည်။
ဇူလိုင်လအတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြိတ် ခရိုင် တနင်္သာရီမြို့နယ်ရှိ တနင်္သာရီမြစ် ရေသည် ဇူလိုင်လ ၂၀ ရက်တွင် အန္တရာယ်ရေမှတ် ၂၄ ပေ ထက်လွန်ကာ ရေမှတ် ၂၆ ပေကျော်အထိ မြင့်တက် ခဲ့ရာမှ ရေများပြန်လည်ကျဆင်းခဲ့သည်။ ဩဂုတ်လ ၇ ရက်တွင် ည ၁၁ နာရီ အချိန်ခန့်တွင် အန္တရာယ်ရေမှတ် ၂၄ ပေ သို့ ဒုတိယအကြိမ်ပြန်မြင့်တက်ခဲ့ပြီး ပြန်လည်ကျဆင်းခဲ့ခြင်း ဖြစ်သည်။

၃)ရေကြီးရေလျှံမှုများကြောင့် ကျေးရွာအုပ်စု ၁၇ အုပ်စုရှိ တောင်သူ ၄၈၆ ဦးပိုင်ဆိုင်သည့် လယ်ဧကပေါင်း ၂၀၇၃ ဧက နစ်မြုပ်ပျက်စီးခဲ့သည်။
၎)အိမ်ထောင်စု ၄၈၈၇ စု၊ အိမ်ခြေ ၄၈၃၃ အိမ်၊ အမျိုးသား ၁၂၂၅၅ ဦး အမျိုးသမီး ၁၁၉၄၃ ဦး၊ စုစုပေါင်း ၂၄၁၉၈ ဦးမှာ ရေဘေးသင့်ခဲ့သည်။
အိမ်ထောင်စု ၁၂၄၀ စု၊ အိမ်ခြေ ၁၂၂၇ အိမ်၊ အမျိုးသား ၃၁၈၅ ဦး အမျိုးသမီး ၃၀၈၅ ဦး စုစုပေါင်းလူဦးရေ ၆၂၇၀ ဦးတို့မှာ နီးစပ်ရာနေအိမ် များ၊ ဆွေမျိုးအိမ်များနှင့် ကယ်ဆယ်ရေး စခန်းများသို့ အရေးပေါ် ရွှေ့ပြောင်းခဲ့ ရသည်။
၅)တနင်္သာရီမြို့နယ် မီးသတ်ဦး စီးဌာနတွင် ဖွင့်လှစ်ထားသည့် ယာယီ ကွပ်ကဲရေးရုံးသို့ ရောက်ရှိခဲ့သည့် ရေ ဘေးသင့် စာရင်းများအလိုက် တနင်္သာ ရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးသော ထောက်ပံ့ရေးပစ္စည်း ၅ ရက်စာအား ဩဂုတ်လ ၉ ရက်က ဝေမျှပေးထား ပြီး ဖြစ်သည်။

၆) ရေဘေးသင့်သူများအတွက် ထောက်ပံ့ငွေ တစ်ရက် သိန်း ၁၃၀ ကျော် သည်။
ရေကြီးနစ်မြုပ်(ပြောင်းရွှေ့)ခဲ့ရ သည့် လူဦးရေ ၆၂၇၀ ဦးအတွက် တစ်ဦးလျှင် ကျပ် ၁၄၅၀ နှုန်းရှိ စား သောက်ကုန်များ ထောက်ပံ့ပေးခဲ့ရာ တစ်ရက်လျှင် လူဦးရေ ၆၂၇၀ ဦး အတွက် ကျပ် ၉၀၉၁၅၀၀ ၊ နေအိမ် များသို့ ရေများဝင်ရောက်ပြီး အခြေအနေဆိုးရွားစွာရင်ဆိုင်နေရသည့် ၃၈၀၃ ဦးအတွက် တစ်ဦးလျှင် ကျပ် ၁၀၅၀ နှုန်း တစ်ရက်အတွက် ကျပ် ၃၉၉၃၁၅၀၊ စုစုပေါင်း တစ်ရက်ကုန်ကျ ငွေ ကျပ် ၁၃၀၈၄၆၅၀ ရှိသည်။

 

၇) တနင်္သာရီမြို့နယ် အတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်တွင် အကြောင်း အမျိုးမျိုးကြောင့် ရေဘေးသင့်ပြောင်းရွှေ့သူစာရင်းတွင် မပါဝင်သေးသူများ ။ ပေးပို့ရန် ကျန်ရှိနေသူများ ကျန်ရှိနေ သေးပါက နီးစပ်သူများမှ အောက်ဖော် ပြပါ ဖုန်းနံပါတ်များသို့ ကူညီ
အကြောင်းကြားပေးကြရန် မေတ္တာရပ်ခံထားသည်။

ဦးအောင်ကျော်ဟိန်း
၀၉-၇၇၇၃၃၀၁၃၃၊
ဦးအောင်သူရ ၀၉-၂၅၀၈၃၇၃၇၈၊
ဦးရဲမြင့်ဆွေ ၀၉-၄၂၂၁၉၅၆၆၅
၊၀၉-၄၉၃၃၂၇၃၇၊
ဦးအောင်ဆန်းဝင်း
၀၉-၂၅၀၆၁၈၁၄၈၊
ဦးကျော်မျိုးသက်
၀၉-၄၂၂၂၁၂၅၇၈၊
ဦးဝင်းထွန်း၊ ၀၉-၄၂၂၂၀၇၀၆၂
ဦးမင်းဝေ ၊ ၀၉-၄၂၂၂၁၂၅၈၂