မွန်တွင် ရေလွှမ်းခဲ့သည့်ဒေသများသို့ ဆိုလာပြား ၃၅၀ စုံ ဖြန့်ဝေမည်

0
475

မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံ ခဲ့သည့် ဒေသများသို့ ဆိုလာပြား ၃၅၀ စုံ ဖြန့်ဝေပေးသွားမည်ဟု မွန်ပြည် နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ထံမှ သိရသည်။
အဆိုပါ ဆိုလာပြားများကို ပြည် ထောင်စုသစ်တောဦးစီးဌာနမှ ကူညီ ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး ရေကြီး ရေလျှံခဲ့သည့် ဒေသများသို့ ပြည်နယ် အစိုးရက ခွဲတမ်းချ ဖြန့်ဝေပေးသွားမည် ဖြစ်သည်။

“အဓိက တကယ်လိုအပ်တဲ့ ကယ် ဆယ်ရေးစခန်းတို့ စာသင်ကျောင်းတို့၊ စာသင်ကျောင်းဆိုရင် ရေကြီးရေလျှံ မ ဖြစ်ရင်လည်း လိုအပ်တယ်၊ ကယ်ဆယ် ရေးစခန်းဆိုရင်လည်း ဖြစ်လာရင် ချက် ချင်းမီးရဖို့ လိုတယ်၊ ပြီးတော့ ဆေးပေး ခန်းတို့ အရေးကြီးတဲ့ နေရာတွေပေါ့၊ ဒါကို ပြည်နယ်အစိုးရက ခွဲပေးရမှာ”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။
ရေကြီးရေလျှံခဲ့သည့်ဒေသသို့ ဆို လာပြားများကို ဩဂုတ်လအတွင်း ဖြန့် ဝေပေးသွားမည်ဟုလည်း ၎င်းက ဆက် ပြောသည်။

ဇူလိုင်လအတွင်းက သည်းထန်စွာ ရွာသွန်းခဲ့သည့်မိုးကြောင့် မွန်ပြည်နယ် အတွင်းရှိ သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ပေါင်နှင့် ကျိုက်မရောမြို့နယ်တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ကျိုက်မရောမြို့နယ်အတွင်း ရေလွှမ်းဆဲ ဖြစ်သည်။
“အားလုံး ရေပြန်ကျသွားပြီး ကျိုက်မရောတစ်ခုပဲ ကျန်တော့တယ်။ ကျိုက်မရောကတော့ ခုလောလောဆယ် ကယ်ဆယ်ရေး ၄ ခု ဖွင့်ထားပြီးတာ့ လူဦးရေ ၅၀၀ လောက် ရှိနေတယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေး မှူး ဦးမြင့်သန်းဝင်းက ပြောသည်။

ရေကြီးရေလျှံခဲ့သည့် ဘီးလင်း၊ သထုံ၊ ကျိုက်ထို၊ ပေါင်နှင့် ကျိုက်မရော မြို့နယ်တို့မှ လူဦးရေ ၂၀၀၀၀ ခန့် ဘေး လွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရပြီး လူ အသေအပျောက်လည်း ရှိခဲ့သည်ဟု သိရ သည်။