မလွှဲတောင်-ကော့သောင်းလမ်းတစ်လျှောက် ရေကျော်နိုင်သည့် နေရာများတွင် သတိပေးအမှတ်အသားများ စိုက်ထူ

0
494

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း နယ်ခြားဖြစ်သည့် မလွှဲတောင်စစ်ဆေး ရေးဂိတ်မှ ကော့သောင်းအထိ လမ်းတစ် လျှောက် ရေကျော်နိုင်သည့်နေရာများ တွင် သတိပေးအမှတ်အသားများ ပြုလုပ် ထားကြောင်း လမ်းဦးစီးဌာန တနင်္သာရီ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းမင်းထွဋ် က ပြောသည်။

မလွှဲတောင်စစ်ဆေးရေးဂိတ်မှ ကော့သောင်းအထိ လမ်းမကြီးတစ် လျှောက် လမ်းရေကျော်ပြီး အန္တရာယ်ရှိ နိုင်သည့် နေရာများတွင်”ေ ရကျော်နိုင် သည့်နေရာ” ဟူသည့် စာသားပါ သတိ ပေးဆိုင်းဘုတ် ၁၆ ခုခန့် တပ်ဆင်ထား ကြောင်း ဦးဝင်းမင်းထွဋ်က ဆိုသည်။

“ရေက လက်မ လောက်ပဲကျော်နေ ရင်တော့ မစိုက်ဘူး၊ (ရေအမြင့်) ပေချီ တက်ပြီး အန္တရာယ်ဖြစ်နိုင်တဲ့ နေရာတွေ မှာ စိုက်ထားတယ်”ဟု ဦးဝင်းမင်းထွဋ်က ဆိုသည်။
ယခုနှစ် ဇွန်လနှင့် ဇူလိုင်လများ တွင် ရေကြီးသည့်နေရာများကို လေ့လာ ပြီး ယင်းသို့ သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်းဖြစ်ကြောင်း ၎င်းက ပြော သည်။

အဆိုပါ သတိပေး အမှတ်အသား များကို ဇူလိုင်လအတွင်းက စိုက်ထူခဲ့ပြီး ထားဝယ်-မေတ္တာလမ်းပိုင်းတွင်လည်း ၃ နေရာခန့်တွင် စိုက်ထူထားကြောင်း တိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရ သည်။