အဝေးသင် ပထမနှစ်များအတွက် စာစဉ်တင်ရမည့်အချိန် ဆယ်ရက်ကျော် ထပ်တိုး

0
412

တနင်္သာရီတိုင်းအပါအဝင် တစ်နိုင် ငံလုံးရှိ အဝေးသင်ပထမနှစ် ကျောင်း သား၊ ကျောင်းသူများ ဒုတိယနှစ်ဝက် စာစဉ် (Assignment)   တင်သွင်းရမည့် အချိန်ကို ၁၇ ရက် ထပ်တိုးပေးထား ကြောင်း အောက်မြန်မာပြည် အဝေးသင် တက္ကသိုလ် ထားဝယ်ဌာနခွဲထံမှ သိရသည်။

ယခင်က ဘာသာရပ် အသီးသီးမှ ပထမနှစ် ကျောင်းသား၊ ကျောင်းသူ များ၏ ဒုတိယနှစ်ဝက် စာစဉ်များကို ဇူလိုင်လအကုန်တွင် နောက်ဆုံး တင် သွင်းရမည်ဟု ကြေညာထားသည်။
အဆင့်မြင့်ပညာ ဦးစီးဌာန၏ ဇူလိုင်လ ၃၁ ရက်ညွှန်ကြားချက်အရ ပထမနှစ်ကျောင်းသားများ၏ ဒုတိယနှစ် ဝက် စာစဉ်များကို ဩဂုတ် ၁၇ ရက် နောက်ဆုံးထား တင်သွင်းနိုင်မည် ဖြစ် သည်။
“ဘာဖြစ်လို့ တိုးပေးတာလဲဆို တော့ တစ်နိုင်ငံလုံးမှာ ရေကြီး၊ ရေလျှံမှု တွေဖြစ်နေလို့ တိုးပေးတာလို့ထင်တယ်”ဟု ထားဝယ်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

အဝေးသင် ဒုတိယနှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ စာစဉ် တင်သွင်းရမည့် ရက်ကိုမှု ယခင်က သတ်မှတ်ထားသည့် အတိုင်း ဩဂုတ်လ အကုန်တွင် နောက်ဆုံးထား တင်သွင်း ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အဝေးသင်တက္ကသိုလ် ထားဝယ်ဌာ နခွဲတွင် ဒုတိယနှစ်ဝက် စာစဉ်တင်သွင်း ရန် ကျန်နေသူ ပထမနှစ် ကျောင်းသား၊ ကျောင်းသူ ၅၀ ခန့်ကျန်ရှိနေသေးကြောင်း ယင်းဌာနထံမှ သိရသည်။