တနင်္သာရီတွင် မိုးစပါးချေးငွေ ကျပ်သန်း ငါးရာကျော်ပို

0
496

တနင်္သာရီတိုင်းတွင် ယခုနှစ် မိုး စပါးချေးငွေ ကျပ်သန်းငါးရာကျော်ပို ကြောင်း တိုင်းမြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ် မန်နေဂျာ ဒေါ်လဲ့လဲ့သန်းဌေး က ပြောသည်။

ထားဝယ်ခရိုင်တွင် ကျက် ၂၄၁ ဒဿမ ၁၅ သန်း၊ မြိတ်ခရိုင်တွင် ကျပ် ၂၅၇ ဒဿမ ၆၅ သန်း၊ ကော့သောင်းခရိုင် တွင် ကျပ် ၁၆ ဒဿမ ၇၀ သန်း ပိုလျှံ နေခြင်းဖြစ်ကြောင်း အထက်ပါဘဏ် စာရင်းများအရ သိရသည်။
“ပိုတဲ့ငွေတွေကို ရုံးချုပ်ကို ပြန်ပို့ ပေးရတယ်” ဟု ဒေါ်လဲ့လဲ့သန်းဌေးက ဆိုသည်။

ချေးငွေများကို ထုတ်ချေးမည့် ချေးမည့်ပမာဏထက် ပိုမိုလျာထား တောင်းခံလေ့ရှိသောကြောင့် ယင်းသို့ ပိုလျှံခြင်းဖြစ်ပြီး နှစ်စဉ်ပိုလျှံလေ့ရှိ ကြောင်း ၎င်းက ပြောသည်။
ယခုနှစ်တွင်း တိုင်းအတွင်းရှိ လယ် သမားများကို မိုးစပါးချေးငွေကျပ် သန်း ပေါင်း ၁၇၁၇၅ ဒဿမ ၄၀ သန်း ထုတ် ချေးရန်လျာထားပြီး ချေးငွေနောက်ဆုံး ထုတ်ပေးသည့် ဇူလိုင်လ ၃၁ ရက်အထိ ကျပ်သန်းပေါင်း ၁၆၆၅၉ ဒဿမ၉၀ သန်း ထုတ်ချေးခဲ့ကြောင်း ယင်းဘဏ် စာရင်းများအရ သိရသည်။

ယမန်နှစ်ကမူကျပ် သန်းနှစ်ထောင် နီးပါး(၁၇၉၀.၁၀ သန်း)ပိုလျှံခဲ့ကြောင်း တိုင်းမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ထံမှ သိရသည်။