ကိုကိုးကျွန်း အစာငတ်ခံ ဆန္ဒပြပွဲတွင် ကျဆုံးခဲ့သူများအတွက် ထားဝယ်တွင် အမျှဝေ

0
458

ကိုကိုးကျွန်း အကျဉ်းထောင်အတွင်း တစ်ကျွန်းကျ အကျဉ်းထောင်စနစ် ဖျက် သိမ်းပေးရေး အစာအငတ်ခံ ဆန္ဒပြရင်း ကျဆုံးခဲ့သူ ၈ ဦးကို ရည်စူးပြီး ထားဝယ် မြို့တွင် အမျှဝေခဲ့သည်။
ဇူလိုင်လ ၃၁ ရက် ထားဝယ်မြို့ ညောင်ရမ်းရပ်ရှိ ဇေတဝန် ဘုန်းတော် ကြီးကျောင်းတွင် ရေစက်ချ အမျှဝေခဲ့ခြင်း ဖြစ်သည်။

ရေစက်ချ အမျှဝေပြီးနောက် ကိုကိုးကျွန်းအကျဉ်းထောင် အစာငတ်ခံ ဆန္ဒပြပွဲများနှင့် ပတ်သက်သော ဟော ပြောမှု၊ ကဗျာရွတ်ဆိုခြင်းနှင့် လက် ကမ်းစာစောင်ဝေငှခြင်းတို့ ပြုလုပ်ခဲ့ သည်။
ဗိုလ်ချုပ်ကြီး နေဝင်းလက်ထက် ၁၉၇၁ ခုနှစ်တွင် နောက်ဆုံးပြုလုပ်ခဲ့သည့် ကိုကိုးကျွန်း အစာအငတ်ခံဆန္ဒပြပွဲသည် စစ်အာဏာရှင်ကို အနိုင်ယူနိုင်ခဲ့သည့် ပထမဆုံးတိုက်ပွဲဖြစ်ခဲ့ကြောင်း ကိုကိုး ကျွန်းအကျဉ်းသားဟောင်း ဦးလှိုင်တင် က ပြောသည်။

ကိုကိုးကျွန်းအကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြပွဲ ၄ ကြိမ် ဖြစ်ပွား ခဲ့ပြီး နောက်ဆုံးအကြိမ် ၅၃ ရက် ဆန္ဒပြပွဲအပြီးတွင် ကိုကိုးကျွန်း အကျဉ်း ထောင်စီမံကိန်းကို ဖျက်သိမ်းခဲ့ပြီး အကျဉ်းသားအားလုံးကို ကျွန်းမှ ရန်ကုန် သို့ ပြန်ပို့ခဲ့သည်။
တစ်ကျွန်း အကျဉ်းထောင်စနစ် ဖျက်သိမ်းပေးရေး အစာအငတ်ခံ ဆန္ဒ ပြခဲ့သောနေ့များထဲက တစ်နေ့ဖြစ်သည့် ဇူလိုင်လ ၃၁ ရက်ကို “ပြည်သူ့ သူရဲ ကောင်းများနေ”ဟု ကိုကိုးကျွန်း ပြန် များက သတ်မှတ်ထားကြသည်။
ယခင်က “ပြည်သူ့သူရဲကောင်းများ နေ့”အခမ်းအနားကို ရန်ကုန်မြို့တွင်သာ ကျင်းပခဲ့ဖူးပြီး ထားဝယ်မြို့ကဲ့သို့ နယ် မြို့တစ်ခုတွင် ကျင်းပခြင်းသည် ယခု ပထမဆုံး ဖြစ်သည်။

“ပြည်သူ့သူရဲကောင်းတွေကို ပြည်သူတွေလက်ထဲ ထည့်ပေးတဲ့ပွဲပေါ့”ဟု ကိုကိုးကျွန်းပြန် ဦးလှိုင်တင်က ရေစက်ချအမျှဝေခြင်း၊ ပြည်သူ့သူရဲ ကောင်းများနေ့ ကျင်းပခြင်းနှင့် ပတ် သက်၍ မှတ်ချက်ပြုသည်။