ကြက်ငှက်တုပ်ကွေးကြောင့် ဆုံးရှုံးခဲ့သူများအတွက် သမ္မတထောက်ပံ့ငွေ ဒုတိယအကြိမ်ထပ်တောင်း

0
368

ထားဝယ်မြို့တွင် ယမန်နှစ်က ဖြစ် ပွားခဲ့သည့် အပြင်းစားကြက်ငှက်တုပ် ကွေး H5N1  ကြောင့် ဆုံးရှုံးမှုဖြစ်ခဲ့သည့် ကြက်မွေးမြူရေး သမားများ ပြန်လည် ထူထောင်နိုင်ရေးအတွက် သမ္မတရန်ပုံ ငွေကို ဒုတိယအကြိမ် ထပ်တောင်းထား ကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးက ပြောသည်။

ကြက်ငှက်တုပ်ကွေးကြောင့် ကြက် များ ရှင်းလင်းသုတ်သင်ခဲ့ရသည့် ခြံပိုင် ရှင်များ ပြန်လည်ထူထောင်နိုင်ရန် အတွက် ထောက်ပံ့ငွေ ၁၄၂၅ သိန်းကို နိုင်ငံတော် သမ္မတထံ၂၀၁၇ ခုနှစ် နိုဝင်ဘာလက တောင်းခံထားသည်။
သို့သော် အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် ယခုနှစ် ဇူလိုင်လက ဒုတိယအကြိမ် ထပ်မံတောင်းခံထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ဆိုသည်။

“ဒုတိယအကြိမ်တင်တယ်၊ မလာ ရင် တတိယအကြိမ်ထပ်တင်မယ်၊ တတိယ အကြိမ်ပဲမရရင် လက်လျှော့မှပဲရမှာ” ဟု ဝန်ကြီးဦးမြင့်စန်းက ပြော သည်။
၂၀၁၇ ခုနှစ် ဇူလိုင်လက ထားဝယ် မြို့အတွင်းရှိ ကြက်မွေးမြူရေးခြံအများ စုတွင် အပြင်းစားကြက်ငှက်တုပ်ကွေး H5N1 ဖြစ်ပွားခဲ့ပြီး ကြက်ကောင်ရေ နှစ်သောင်းကျော်နှင့် ဘဲကောင်ရေ တစ်ရာ ကျော်ကို ရှင်းလင်းသုတ်သင်ခဲ့သည်။