ကျေးလက်လမ်းအကျေးလက်လမ်းအတွက် ကျပ် ၄၀ ဘီလီယံသုံးရန် လျာထားတွက် ကျပ် ၄၀ ဘီလီယံသုံးရန် လျာထား

0
578

လာမည့်ဘဏ္ဍာရေးနှစ်တွင် တိုင်း အတွင်းရှိ ကျေးလက်လမ်းများ အတွက် ငွေကျပ် ၄၀ ဘီလီယံ အသုံးပြုရန် လျာထားကြောင်း ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသ ကြီး တာဝန်ခံ ဦးဇော်မိုးဦးက ပြောသည်။
ယင်းငွေပမာဏဖြင့် ၁၂ ပေ အကျယ် ရှိ ကွန်ကရစ်လမ်းအရှည် ၈၉ မိုင်၊ ကတ္တရာလမ်း ၁၄ မိုင်၊ ကျောက် ချောလမ်း ၁၃ မိုင်၊ ကျဉ်းမြောင်းသည့် မြေသားလမ်း များကိုချဲ့ကာ အမာခံ ကျောက်ခင်းခြင်း လုပ်ငန်းကို ၈၈ မိုင်၊ ကွန်ကရစ်တံတား ၃၉ စီး အစရှိသည့် လုပ်ငန်းများ လုပ် ဆောင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး တာဝန်ခံ ဦးဇော်မိုးဦးက ဆိုသည်။
“အတည်တော့ မပြုသေးပါဘူး၊ လျာထားဆဲ အဆင့်ပဲ ရှိပါသေးတယ်”ဟု ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်က ငွေကျပ်သန်းပေါင်း ကိုး ထောင် အသုံးပြုခဲ့ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာ နမှ ကိုင်တွယ်ကြီးကြပ်သည့် ကျေးလက် လမ်း အရေအတွက်မှာ ထားဝယ်ခရိုင် တွင် လမ်းပေါင်း ၄၃၀ ၊ မြိတ်ခရိုင်တွင် ၆၁၅ လမ်းနှင့် ကော့သောင်းခရိုင်တွင် ၁၇၉ လမ်းရှိကြောင်းထံမှ သိရသည်။
အဆိုပါလမ်းများကို အတန်းအစား ၃ ခုခွဲကာ သတ်မှတ်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
အဓိက လမ်းမကြီးကို လာရောက် ချိတ်ဆက်သည့် လမ်းကိုClass-A   အဖြစ်လည်းကောင်း၊ Class-A   ကို ချိတ်ဆက်သည့် လမ်းကို Class-B အဖြစ်လည်းကောင်း၊ Class-B ကိုချိတ် ဆက်သည့်လမ်းကို Class-A  အဖြစ် သတ်မှတ်ထားသည်။

လာမည့် ၂၀၂၁ ခုနှစ်တွင်Class-A   စာရင်းဝင် လမ်းများအားလုံးကို ကတ္တရာလမ်း(သို့) ကွန်ကရစ်လမ်းအဖြစ် လည်းကောင်း၊Class-B စာရင်းဝင် လမ်းအားလုံးကို ရာသီမရွေး သွားလာနိုင် သည့် အမာခံလမ်းအဆင့်ဖြစ်စေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။
Class-A   စာရင်းဝင်လမ်းများကိုမူ လာမည့် ၂၀၂၅ ခုနှစ်တွင် အမာခံ လမ်း အဖြစ် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရ သည်။

ကျေးလမ်းလမ်းဖွံ့ဖြိုးရေးဦးစီးဌာနကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင် ဖွဲ့စည်းခဲ့ပြီး တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ရုံးများ ရှိသည်။