သမ္မတ၏ မူးယစ်အထူးအဖွဲ့ထံ သတင်းပေးတိုင်ကြားမှုကြောင့် ဘုတ်ပြင်းတွင် ဆေးပြား တစ်ထောင်ကျော် ဖမ်းမိ

0
541

ဘုတ်ပြင်းမြို့နယ်တွင် မူးယစ်ဆေး ဖြန့်ဖြူးရောင်းချနေသူ အချို့ကို နိုင်ငံတော် သမ္မတ၏ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနထံ တိုင်ကြားခဲ့သော ကြောင့် သွားရောက်ဖမ်းဆီးခဲ့ရာ WY ဆေးပြား ၁၅၅၀ပြားနှင့် ဘိန်းစာမှုန့် အချို့ ဖမ်းဆီးရမိခဲ့ကြောင်း ကော့သောင်း ခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး မျိုးထွန်းဦးက ဆိုသည်။

အဆိုပါ အထူးအဖွဲ့ထံ ပြည်သူ များက သတင်းပေးတိုင်ကြားလာသည့် မူးယစ်ဆေးဝါး သတင်းများကို နိုင်ငံ တော် သမ္မတရုံး၏ ညွှန်ကြားချက်အရ ခရိုင်ရဲတပ်ဖွဲ့မှ ပူးပေါင်းအဖွဲ့များနှင့် အတူ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

ဇူလိုင် ၂၃ ရက်နေ့တွင် ဘုတ်ပြင်း မြို့နယ် ၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ရွှေဂဲညို ကျေးရွာတွင်နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးထံမှ WY စိတ်ကြွ ဆေးပြား ၁၁၂ ပြားနှင့် အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးထံမှ ဘိန်းစာ မှုန့် ၀.၀၈၁၆၅ ကီလိုဂရမ် ဖမ်းမိခဲ့သည်။

ဇူလိုင် ၂၄ ရက်တွင်လည်း ဘုတ်ပြင်း မြို့နယ်၊ ရွှေဘုံသာရပ်ကွက်ရှိ မူးယစ် ဆေး ဝါးရောင်းချနေသည့် ဥယျာဉ်ခြံ တွင် ခြံပိုင်ရှင်နှင့်အတူ အမျိုးသား ၃ ဦးတို့ထံမှ ဆေးပြား ၇ ပြားနှင့် မူးယစ် ဆေးဝါးရောင်းရငွေ ၁၃ သိန်း ခြံအတွင်း မှ ဆေးပြား ၁၄၃၁ ပြားတို့ကို ဖမ်းမိခဲ့ ကြောင်း ဦးမျိုးထွန်းဦးက ဆိုသည်။