လူမှားရိုက်သည့် ရဲတပ်ဖွဲ့ဝင်များကို အရေးယူရန် နောက်ဆုံးအဆင့်စစ် ဆေးပြီးဟုဆို

0
408

ထားဝယ်မြို့တွင် ယခုနှစ် သင်္ကြန် ကာလအတွင်း ပြည်သူအချို့ကို ရိုက် နှက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား ပြစ် ဒဏ်ချမှတ်ရန် ဩဂုတ်လ ၂ ရက်နေ့က နောက်ဆုံးအဆင့် စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်သူအချို့ကို ရိုက်နှက်ခဲ့သည့် နယ်ထိန်းရဲတပ်ဖွဲ့ဝင် ၇ ဦးကို ပြစ်ဒဏ် ချမှတ်ရန် ဩဂုတ်လ ၂ ရက်နေ့တွင် (ရဲတပ်ဖွဲ့အခေါ်အဝေါ် အကျဉ်းနည်း ဖြင့်) စစ်ဆေးခဲ့ပြီး ယင်းနေ့တွင်ပင် နေပြည် တော် ရဲတပ်ဖွဲ့ဌာနချုပ်ထံ တင်ပြလိုက် ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလက ရဲမေ တစ်ဦး အပြင်မိုးကာအင်္ကျီခြုံပြီး ယူနီ ဖောင်းဝတ်ကာ ဆိုင်ကယ်ဖြင့် ထားဝယ် ရဲစခန်းသို့လာစဉ် ထားဝယ်မြို့ ဥဿရံ ရပ်ကွက် ကမြောကင်းလမ်းတွင် ရေပက် နေသည့် လူငယ်တစ်စုက ကာယိနြေ္ဒ ပျက်စေသည်အထိပြုမူကာ ရေပက်သည် ဟု ဆက်သွယ်ပြောကြားလာသည့် အတွက် ရဲတပ်ဖွဲ့ဝင်ဦးရေ တစ်ဆယ် ကျော်က သွားရောက်ဖမ်းဆီးခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက အဆိုပါ လူ ငယ်များကို သွားဖမ်းရာတွင် ကာယိနြေ္ဒ ပျက်စေသည်အထိ ပြုမူရေပက်သည် ဆိုသည့် အဖွဲ့မဟုတ်ဘဲ “က”နေသည့် အခြားလူငယ်အုပ်စုကို လူမှားပြီး တုတ် များဖြင့် ဝိုင်းရိုက်ခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များ ရိုက်နှက်မှုကြောင့် စုစုပေါင်းလူငယ် ၁၅ ဦးခန့် ဒဏ်ရာ အသီးသီး ရရှိခဲ့သည်။
ရိုက်နှက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ ကို ပြစ်ဒဏ်ချမှတ်နိုင်ရန် တပ်ဖွဲ့ဝင် ၇ ဦးအနက် ၆ ဦးကို တိုင်းရဲတပ်ဖွဲ့မှူးက စစ်ဆေးခဲ့ပြီး အရာရှိတစ်ဦးကိုမူ နေပြည် တော်ရဲတပ်ဖွဲ့ဌာနချုပ်က စစ်ဆေးမည် ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

တိုင်းရဲတပ်ဖွဲ့မှူးက ချသင့်သည့် အပြစ်ဒဏ်ကို သဘောထားမှတ်ချက် ရေးကာ ရဲတပ်ဖွဲ့ဌာနချုပ်သို့တင်ပြပြီး ဌာန ချုပ်က အတည်ပြုသည့်အဆင့် ဖြစ်သည်။
“ပြစ်ဒဏ်က ဟိုကပဲ(ရဲဌာနချုပ်) သတ်မှတ်ဖို့လေ၊ ဒါက ပြစ်ဒဏ်ချဖို့ နောက်ဆုံးအဆင့်ဖြစ်တယ်”ဟု တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ အထက်ပါ တာဝန်ရှိသူက ပြောသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အဖွဲ့ဝင် ၃ ဦးပါသည့် စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် ရိုက်နှက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအပေါ် စစ်ဆေးတွေ့ရှိချက်များကို ရဲတပ်ဖွဲ့ ဌာနချုပ်ထံတင်ပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
ယင်းနောက် ရဲဌာနချုပ်က ပြစ် ဒဏ်ချမှတ်ရန် (အကျဉ်းနည်းဖြင့်)စစ် ဆေးရန် ဇူလိုင်လ ၃၁ ရက်တွင် ပြန် လည်ညွှန်ကြားလာကြောင်း တိုင်းရဲ တပ်ဖွဲ့မှူးရုံးထံမှ သိရသည်။