လောင်းလုံးတွင် အမှိုက်စွန့်ပစ်မည့်နေရာ ဝယ်ယူရန် တင်ပြထား

0
394

လောင်းလုံးမြို့ပေါ်ရပ်ကွက်များမှ ထွက်ရှိသည့် အမှိုက်များ စွန့်ပစ်ရန် အတွက် လိုအပ်သည့်မြေနေရာအသစ် ဝယ်ယူရန်အတွက် လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ခွင့်ပြုပေးရန် တိုင်းစည် ပင်သာယာရေးအဖွဲ့ထံ တင်ပြထား ကြောင်း လောင်းလုံးမြို့နယ် စည်ပင်သာ ယာရေး အဖွဲ့ထံမှ သိရသည်။

အမှိုက်စွန့်ပစ်မည့် မြေနေရာ အသစ်ကို (ဂ) ရပ်ကွက် ဆင်းအိုင်လမ်း သွယ်ရှိ ၅ ဧကခန့် အကျယ်အဝန်းရှိသည့် နေရာကို သတ်မှတ်ထားပြီး လက်ရှိ အမှိုက်စွန့်ပစ်နေသည့် နေရာထက် ငါး ဆခန့် ပိုကျယ်ဝန်းကြောင်း မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်ဌေးက ပြောသည်။
“တင်ပြထားတဲ့ အခြေအနေပဲရှိ သေးတာဆိုတော့ ဘတ်ဂျက်ဘယ် လောက်တို့၊ ဘယ်အချိန် ရမယ်ဆိုတာတို့ တော့ မပြောနိုင်သေးဘူးပေါ့နော်”ဟု ဦးကျော်ဌေးက ဆိုသည်။

လက်ရှိ အမှိုက်စွန့်ပစ်နေသည့် လောင်းလုံးမြို့အထွက် လောင်းလုံး- ရှင်မော်သွား ကားလမ်းမဘေးရှိ မြေနေ ရာသည် မြေနေရာ ကျဉ်းသည့်အတွက် အခြားနေရာကိုရွှေ့ရန် စီစဉ်ရခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။
ယခုမိုးရာသီတွင် ယင်းအမှိုက်ပုံမှ အမှိုက်များသည် ကားလမ်းနံဘေးအထိ ရောက်ရှိလာခြင်း၊ အနံ့ဆိုးများ ထွက် ပေါ်နေခြင်း တို့ဖြစ်ပေါ်နေကြောင်း ဒေ သခံအချို့နှင့် ခရီသွားအချို့က ဝေဖန် ပြောဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။
“ပစ်စရာမရှိလို့ ဒီနေရာမှာ ပစ်နေ ရတယ်ဆိုရင်လည်း စနစ်တကျဖြစ် အောင် လုပ်စေချင်တာပေါ့။ အခုက အမှိုက်တွေ လမ်းဘေးအထိ ရောက်လာ တာ လမ်းသွား၊ လမ်းလာလည်း ကြည့် လို့မကောင်းဘူး” ဟု ယင်းအမှိုက်ပုံအနီး တွင် နေထိုင်သည့် ဦးစံမြင့်က ဆိုသည်။

လက်ရှိ အမှိုက်စွန့်ပစ်နေသည့် မြေနေရာ အကျယ်အဝန်းမှာ ၀ ဒဿမ ၃ ဧကခန့်သာ ရှိကြောင်း မြို့နယ်စည် ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။