ကျွန်းစုမြို့နယ်ရှိ ကျေးရွာ ၁၃ ရွာအား စည်ပင်နယ်နိမိတ်အဖြစ် တိုးချဲ့ သတ်မှတ်

0
360

မြို့ပြစည်ပင်သာယာရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရန် မြိတ်ခရိုင် ကျွန်းစုမြို့နယ်ရှိ ကျေးရွာ ၁၃ ရွာအား စည်ပင်သာယာရေး နယ်နိမိတ်အဖြစ် တိုးချဲ့သတ်မှတ်ခဲ့ကြောင်း ကျွန်းစုမြို့ နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ကျေးရွာအုပ်စု ၇ အုပ်စုအတွင်းရှိ ကျေးရွာ ၁၃ ရွာအား ကျွန်းစုမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အဖြစ် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက် နေ့စွဲဖြင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့လူ မှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဌာန၏ အမိန့်ကြော်ငြာစာအမှတ် ( ၈ /၂၀၁၈) ဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း စည်ပင်ကော်မတီမှ သိရသည်။

စည်ပင်သာယာရေးနယ်နိမိတ် တိုးချဲ့သတ်မှတ်ခဲ့သည့်အတွက် အခွန်ကောက်ခံရရှိမှု တိုးမြှင့်လာသည် နှင့်အမျှ ရန်ပုံငွေ ရရှိမှုများလာမည် ဖြစ် သည့်အတွက် ကျေးရွာများတွင် ဖွံ့ဖြိုး ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း ကော်မတီ ဥက္ကဋ္ဌ ဒေါ်မိုးမိုးနွယ်က ပြောပြသည်။

ယခင်က ကျွန်းစုမြို့နယ်၏ စည်ပင်နယ်နိမိတ်အဖြစ် ကျေးရွာ ၁၃ ရွာနှင့် မြို့ပေါ်ရပ်ကွက် ၄ ခုသာ ရှိခဲ့ရာမှ ကျေးရွာ ၁၃ ရွာအား ထပ်မံတိုးချဲ့ သတ်မှတ်ခဲ့သည့်အတွက် စည်ပင်နယ်နိ မိတ်မှာ ကျေးရွာ ၂၆ ရွာနှင့် မြို့ပေါ် ရပ်ကွက် ၄ ခုရှိလာကြောင်း စည်ပင် ကော်မတီထံမှ သိရသည်။

စည်ပင်နယ်နိမိတ်အဖြစ် သတ် မှတ်ခဲ့သည့် ကျေးရွာများမှာ မောင်း လှော်၊ ရတောင်၊ ဇေးကမိ၊ တာရပိုင်း၊ လဲဝါပြင်၊ ဝါးချောင်း၊ မီးကျောင်းအော်၊ ကမ်းကြီး၊ ကဘင်းချောင်း၊ တီးပူရွာ၊ လိပ်ကြယ်ရွာ၊ မစမ်းပါး၊ သဇင် စသည့် ကျေးရွာများဖြစ်ကြကြောင်း ကော်မတီ ထံမှ သိရသည်။