မွန်တွင် သွေးလွန်တုပ်ကွေး ကျရိပ်ပြ

0
506

မွန်ပြည်နယ်အတွင်း သွေးလွန် တုပ်ကွေး ကူးစက်ရောဂါဖြစ်ပွားမှု ဇူလိုင် လနောက်ဆုံးအပတ်မှစ၍ ကျဆင်းလာ သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနထံမှ သိရသည်။
တစ်ပြည်နယ်လုံးတွင် ဇန်နဝါရီ လမှစ၍ ဇူလိုင်လ ၂၈ ရက်အထိ သွေး လွန်တုပ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားသူ ၁၂၁၈ ဦး၊ သေဆုံး ကလေး ၄ ဦးရှိပြီး ဇူလိုင်လ နောက်ဆုံးအပတ်မှ စကာ ရောဂါဖြစ်ပွားမှု လျော့ကျလာ သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန သိရသည်။

“သွေးလွန်တုပ်ကွေးက ကျလာ ပါပြီ၊ ခါတိုင်းနှစ်ဆို ဇူလိုင်လလယ် လောက်ကကျတာ ဒီနှစ်က ဇူလိုင်လ နောက်ဆုံးအပတ်မှ စကျလာတယ်”ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစည်သူရဲနောင်က ပြောသည်။

ပြီးခဲ့သည် ဇူလိုင် တတိယ အပတ် က ရောဂါဖြစ်ပွားသူ ၈၁ ဦး၊ နောက် ဆုံးအပတ်က ၇၅ ဦးပီး လာမည့် အပတ် တွင်လည်း ထပ်ကျဦးမည်ဟု ခန့်မှန်း ကြောင်း ဒေါက်တာစည်သူရဲနောင်က ပြောသည်။
မြို့နယ် ၁၀ မြို့နယ်အနက် မော်လမြိုင်မြို့နယ်သည် သွေးလွန်တုပ် ကွေး ကူးစက်ဖြစ်ပွားမှု အများဆုံး ဖြစ်သည်။
ဒုတိယ အများဆုံးမှာ မုဒုံ၊ တတိယ အများဆုံးမှာ သံဖြူဇရပ်မြို့နယ် ဖြစ်သည်။

သေဆုံးသွားသည့်ကလေး ၄ ဦး သည် သံဖြူဇရပ်၊ ပေါင်၊ သထုံနှင့် ရေးမြို့နယ်တို့မှ ဖြစ်သည်။
သို့သော်လည်း မိုးကြီးပြီး ရေကြီး ရေလျှံမှုဖြစ်ပွားခဲ့သည့် ဒေသများတွင် မိုးနည်းသွားချိန်နှင့် ရေပြန်ကျသွား ချိန်တွင် သွေးလွန်တုပ်ကွေးကူးစက်ဖြစ် ပွားမှု ရှိလာနိုင်သည့်အတွက် သတိ ထားစောင့်ကြည့်ရဦးမည်ဟု ဒေါက်တာ စည်သူရဲနောင်က ပြောသည်။