တနင်္သာရီဂျာနယ်အမှု တိုင်းဒေသကြီး တရားလွှတ်တော် မပယ်ဖျက်

0
381

တနင်္သာရီတိုင်းဒေသကြီး အစိုးရက တနင်္သာရီဂျာနယ်အား တရားစွဲထား သည့် အမှုပယ်ဖျက် (ချေဖျက်)ပေးရန် လျှောက်ထားချက်ကို တိုင်းဒေသကြီး တရားလွှတ်တော်က ပယ်ချလိုက်သည်။
တနင်္သာရီဂျာနယ်တွင် မဲဆွယ် အပြုံးသရော်စာ ပုံနှိပ်ဖော်ပြမှုကြောင့် တနင်္သာရီတိုင်းအစိုးရက တရားစွဲဆို ထားမှုအပေါ် ဂျာနယ်ဘက်က အမှုချေ ဖျက်ပေးရန် တိုင်းတရားလွှတ်တော်ထံ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ဇူလိုင်လ ၃၁ ရက် တွင် တိုင်းတရားလွှတ်တော်က ပလပ်သည့် အမိန့်ချလိုက်ခြင်း ဖြစ်သည်။
တိုင်းတရားလွှတ်တော်က ပလပ် အမိန့်ချလိုက်သည့်အပေါ် ဂျာနယ်ဘက် က နည်းလမ်းနှစ်သွယ်ဖြင့် ဆက်လက် ဆောင်ရွက်နိုင်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး တရားရေးဦးစီးမှူး ဦးကျော်စွာ ငြိမ်းက ဆိုသည်။
ပထမနည်းလမ်းအနေဖြင့် မြို့နယ် တရားရုံးတွင် စစ်ဆေးသည့် ရောက် ရှိအဆင့်မှ ပြန်လည်စစ်ဆေးခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

“ဒုတိယနည်းလမ်းအနေနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ဒီအမှုနဲ့ ပတ် သက်ပြီး အထွေထွေ လျှောက်လွှာတင်သွင်း လို့ရပါတယ်”ဟု တရားရေးဦးစီးမှူး ဦးကျော်စွာငြိမ်းက ပြောသည်။
တနင်္သာရီအပတ်စဉ်တွင် ဖော်ပြ ခဲ့သည့် မဲဆွယ်အပြုံး ခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာသည် ဝန်ကြီး ချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ အရေးယူပေး ရန်အတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ထားဝယ်မြို့နယ် တရားရုံးတွင် တရား စွဲဆိုခဲ့ခြင်း ဖြစ်သည်။

မြို့နယ်တရားရုံးတွင် ၁၅ ကြိမ်မြောက် စစ်ဆေးပြီးချိန်တွင် စွပ်စွဲခံရသည့် တနင်္သာရီဂျာနယ်ဘက်မှ အမှုပယ်ဖျက် ပေးရန် တိုင်းတရား လွှတ်တော်ထံ မေလ ၂၁ ရက်က လျှောက်ထားခဲ့သည်။

တိုင်းတရားလွှတ်တော်က ပလပ် သည့် အမိန့်ချလိုက်ပြီးနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ ဆက်လက် တင်သွင်းသွားမည်ဖြစ် ကြောင်း တနင်္သာရီဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က ဆိုသည်။
“မီဒီယာလွတ်လပ်ခွင့်ဆိုတဲ့ သဘောသဘာဝ ဘောင်ထဲက နေပြီးတော့ မှ ချေဖျက်ရမယ့်အမှုလို့ ကျွန်တော်တို့ ယုံကြည်ထားတာ ရှိတယ်၊ အဲဒီဟာ အတွက် ကျွန်တော်တို့ ထပ်ကြိုးစားမယ်”ဟု ဦးမျိုးအောင်က ပြောသည်။
အမှုကို ပလပ်သည့် အမိန့်ချသည့် အကြောင်းအရင်းကိုမူ အမှုတွဲမိတ္တူကူး ပြီးမှသာ သိနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပလပ်အမိန့်ချပြီး ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စုတရားလွှတ်တော် ချုပ်ရုံးထံ အထွေထွေလျှောက်လွှာ တင်သွင်းနိုင်ကြောင်း တိုင်းတရား လွှတ်တော်ရုံးထံမှ သိရသည်။
တနင်္သာရီ အပတ်စဉ်ဂျာနယ်သည် တနင်္သာရီတိုင်း အခြေစိုက်ဖြန့်ဝေသည့် အပတ်စဉ်ထုတ်ဂျာနယ်ဖြစ်ပြီး တနင်္သာရီ တိုင်းတွင် အစိုးရသစ်လက်ထက် မီဒီယာ ကို ပထမဆုံး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။