ကမ်းဝေးငါးဖမ်းလှေများတွင် စောင့်ကြည့်ထိန်းချုပ်ရေးကိရိယာ တပ်မည့်ကိစ္စ တိကျသည့် ညွှန်ကြားချက် မရသေး

0
376

ကမ်းဝေးငါးဖမ်းရာသီ ပြန်လည် စတင်တော့မည့် ၁၅ ရက်လိုသည်အထိ ကမ်းဝေးငါးဖမ်းလှေများတွင် ရေယာဉ် စောင့်ကြည့် ထိန်းချုပ်ရေးကိရိယာVessel Monitoring System-VMS   တပ်ဆင်မည့်ကိစ္စအတွက် တိကျသည့် ညွှန်ကြားချက် မရရှိသေးကြောင်း မြိတ် ခရိုင် ငါးလုပ်ငန်းအဖွဲ့အချုပ် ဥက္ကဋ္ဌ ဦးစန်းမောင်ထံမှ သိရသည်။
ကမ်းဝေးငါးဖမ်းရေယာဉ်များတွင်Vessel Monitoring System-VMS   တပ်ဆင်ရမည်ကို ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့ ရက်စွဲဖြင့် စာထုတ်ထား ကြောင်း မြိတ်မြို့နယ် ငါးလုပ်ငန်းဦးစီး ဌာနမှ သိရသည်။

“စက်တစ်လုံး ဘယ်လောက်ရှိတယ်၊ လစဉ်ကြေး ဘယ်လောက်ပေးသွင်းရမလဲ ဆိုတာ တိကျတဲ့အဖြေတစ်ခု မထွက် သေးဘူး”ဟု ဦးစန်းမောင်က ပြောသည်။
စက်ကို ကိုယ်ပိုင်အစီအစဉ်ဖြင့် ဝယ်ရမည် သို့မဟုတ် အစိုးရက ထုတ် ပေးမည်စသဖြင့် မည်သည့်အချက် အလက်မျှ မသိရသေးဟု ၎င်းက ဆို သည်။
ရေယာဉ်များတွင်VMS စက်များ တပ်ဆင်မှသာလျှင် ကမ်းဝေးငါးဖမ်းလုပ် ငန်းလိုင်စင်သက်တမ်းကို ထပ်မံတိုးမြှင့် ခွင့် ရရှိမည်ဖြစ်ကြောင်း ဦးစန်းမောင်က ဆိုသည်။
ကမ်းဝေးရေယာဉ်များ၏ လိုင်စင် သက်တမ်းမှာ ဩဂုတ်လ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ကြောင်း မြိတ်ခရိုင် ငါး လုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

VMS  စက်တပ်ဆင်မည့်ကိစ္စမှာ ဩဂုတ်လ ၁ ရက်အထိ တိကျသည့် အဖြေတစ်ခု မရရှိသေးသည့်အတွက် ငါးဖမ်းလိုင်စင် သက်တမ်းတိုးမြှင့်ခွင့်ရရှိရန်အတွက် အခက်အခဲကြုံတွေ့နေရ ကြောင်း ရေလုပ်ငန်းရှင်အချို့က ဆိုသည်။
“လိုင်စင်မထုတ်ပေးရင် လှေတွေ ရပ်နားထားရမယ်”ဟု ကမ်းဝေးငါးဖမ်း လုပ်ငန်းရှင် ဦးတင်မြင့်က ပြောသည်။
မြိတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာ နမှ တာဝန်ရှိသူတစ်ဦးကမူ VMS တပ် ဆင်မည့်ကိစ္စကို သက်ဆိုင်ရာဝန်ကြီး ဌာနက ဆောင်ရွက် နေဆဲဖြစ်ပြီး ငါး ဖမ်းရာသီမတိုင်မီလိုင်စင် သက်တမ်း တိုးပေးမည့်အစီအစဉ်အတွက် ညွှန်ကြား ချက်တစ်စုံတစ်ရာ ထွက်လာ နိုင်ဖွယ်ရှိ ကြောင်း ပြောသည်။