ရေပြန်ကျသော်လည်း သောက်သုံးရေအခက်အခဲကြောင့် အိမ်မပြန်နိုင်

0
465

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အတွင်းက ရေကြီးရေလျှံ မှုပြန် ကျသွားသော်လည်း သောက်သုံးရေ အခက်အခဲကြောင့် ရေဘေးရှောင် ပြည် သူများ လတ်တလောတွင် အိမ်မပြန် နိုင်သေးကြောင်း ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
ဇူလိုင်လ ၂၂ ရက်မှ စပြီး အဆက် မပြတ်ရွာသွန်းသည့်မိုးကြောင့်နှင့် တောင်ကျချောင်းရေကြောင့် ဘီးလင်း မြစ်ရေမြင့် တက်လာသည့်အတွက် ဘီးလင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ အများအပြား ရေးကြီးနစ်မြိုပ်ခဲ့ပြီး လူဦးရေ ၁၃၀၀၀ နီးပါးမှာ ကယ်ဆယ် စခန်း ၄၃ ကျော်တွင် ပြောင်းရွှေ့ ခိုလှုံနေကြရသည်။

“နေရပ်ပြန်ရင် အဓိက သောက်သုံး ရေကိစ္စ ပြဿနာတက်မယ်။ ရေကြီး နစ်မြုပ်မှုဖြစ်ထားတော့ ရေတွေက မသန့်တော့ဘူး၊ ကျွန်တော်တို့က တစ်ပတ်လောက် ရေဘေးသင့် ပြည်သူ တွေကို ထောက်ပံ့ပေးဦးမယ်၊ အခု ချိန်မှာ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူး၊ အလှူရှင်တွေလည်း နေ့တိုင်းရှိနေတော့ သူတို့အတွက် အားလုံးအဆင်ပြေတယ်”ဟု ဘီးလင်းမြို့နယ် ဒု-အုပ်ချုပ်ရေးမှုး ဦးအောင်ဝင်းနိုင်က ပြောသည်။
ဘီးလင်းရေကြီးရေလျှံမှုသည် ဇူလိုင်လ ၃၀ ရက်မှစပြီးပြန်ကျလာကာ ဩဂုတ်လ ၁ ရက်တွင် ဘီးလင်း မြစ်ရေသည် ၁၀ နာရီခွဲတိုင်းထွာချက်အရ ၉၈၇ စင်တီမီတာရှိသည်။ မြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၁၀၂၂ စင်တီမီတာ ရှိသည့်အတွက် စိုးရိမ်ရေမှတ်အောက်သို့ ကျသွားပြီ ဖြစ်သည်။

ရေဘေးကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေကြရသည့် ရေဘေးရှောင်တို့က ရေပြန်ကျပြီး အိမ်ပြန်ရောက်သွား သည့်အခါ နေရေးထိုင်ရေးနှင့် စားသောက်ရေးပြဿနာအတွက်အဓိက စိုးရိမ်နေကြသည်ဟု ပြောကြသည်။
“ရေတော့ နည်းနည်းကျနေတယ်လို့ ပြောတယ်၊အိမ်ကိုပြန်ချင်တယ် ဒါပေမယ့် အိမ်က ပြိုနေလား ပျက်နေ လားမသိဘူး၊ ပြန်သွားရင် စားသောက် ရေးကိစ္စတွေ ရှိဦးမယ်၊ ဒီမှာက အလှူရှင်တွေက နေ့တိုင်းရှိတယ်၊ အားလုံးပြန်မှ ကျွန်မတို့လဲပြန်မယ်”ဟု ဘီးလင်းမြို့ပေါ်မှ ရေဘေးရှောင် ဒေါ်တင်အေးက ပြောသည်။
ရေဘေးရှောင်တို့ကို ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနမှ တစ်ဦးလျှင် တစ်ပတ်စာ ကျပ် ၂၁၀၀ နှုန်း၊ ပြည်နယ်အစိုးရမှ ဆန်၊ ရေသန့်နှင့် အသုံးအဆောင်၊ လူမှုကယ်ဆယ်ရေး အဖွဲ့နှင့် အလှူရှင်တို့မှ ဆန်၊ ရေသန့်၊ အစားအသောက်တို့ကို ထောက်ပံ့ပေး လျက်ရှိသည်။

ဇူလိုင်လတတိယအပတ်အတွင်းက ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ကျိုက်ထို၊ သထုံ၊ ဘီးလင်းနှင့် ကျိုက် မရောမြိုကနယ်တို့တွင် ရေကြီး ရေလျှံ ခဲ့ပြီး ဘီးလင်းမြို့နယ်တွင် အဆိုးဆုံး ဖြစ်သည်။
အဆိုပါရေကြီးရေလျှံမှုကြောင့် ပြည်နယ်တစ်ခုလုံးတွင် ရေဘေး ကယ် ဆယ်ရေးစခန်း ၅၀ ခုခန့်တို့တွင် လူဦးရေ ၁၄၀၀၀ ကျော် ပြောင်းရွှေ့ ထားခဲ့ရသည်။