• ပင်မစာမျက်နှာ
  • သတင်း
    • မွန်
    • ထားဝယ်
    • မြိတ်
    • ကော့သောင်း
    • ထိုင်း
  • အမြင်
    • အယ်ဒီတာ့ အာဘော်
    • အတွေးအမြင်
    • ပေးစာ
  • စီးပွားရေး
  • အားကစား/ဖျော်ဖြေရေး
  • ဓလေ့/သမိုင်း
  • ရသ
    • ၀တ္ထုတို
    • တွေ့ဆုံမေးမြန်း
    • အက်ဆေး
    • သမိုင်း
    • ခရီးသွား
    • သရော်စာ
    • ရုပ်ပုံလွှာ
    • အောက်မေ့ဖွယ်
  • လှုပ်လှုပ်ရှားရှား
  • လမ်းညွှန်
  • Dawei Watch အကြောင်း
Dawei Watch
  • Radio
  • TV
Dawei Watch
  • ပင်မစာမျက်နှာ
  • သတင်း
    • မွန်
    • ထားဝယ်
    • မြိတ်
    • ကော့သောင်း
    • ထိုင်း
  • အမြင်
    • အယ်ဒီတာ့ အာဘော်
    • အတွေးအမြင်
    • ပေးစာ
  • စီးပွားရေး
  • အားကစား/ဖျော်ဖြေရေး
  • ဓလေ့/သမိုင်း
  • ရသ
    • ၀တ္ထုတို
    • တွေ့ဆုံမေးမြန်း
    • အက်ဆေး
    • သမိုင်း
    • ခရီးသွား
    • သရော်စာ
    • ရုပ်ပုံလွှာ
    • အောက်မေ့ဖွယ်
  • လှုပ်လှုပ်ရှားရှား
  • လမ်းညွှန်
  • Dawei Watch အကြောင်း
Home
သတင်း
ကော့သောင်း

ကော့သောင်းလေဆိပ်အဆင့်မြင့်ရန် မြေဧက လေးရာနီးပါး လိုအပ်

August 6th, 2018 admin ကော့သောင်း 0 comments

Share

ကော့သောင်းလေဆိပ် အဆင့်မြှင့် တင်ရန်အတွက် မြေဧက ၃၉၁.၈၀ ဧက ထပ်မံလိုအပ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
လေဆိပ်တည်ရှိရာ ရွှေပြည်စိုး ကျေးရွာအုပ်စု ၈မိုင်ကျေးရွာ မြောက် ဘက်ခြမ်းတွင် လေဆိပ်တိုးချဲ့ရန် လျာ ထားပြီး လိုအပ်သည့်မြေနေရာများကို ဇူလိုင် ၂၈ ရက်က မြေစာရင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ကွင်းဆင်း တိုင်းတာခဲ့ကြောင်း လေဆိပ်တာဝန်ခံ ဦးထွန်းထွန်းဦးက ဆိုသည်။

“လေဆိပ်တိုးချဲ့မယ့် လျာထားမြေ ဧရိယာမှာ ဥယျာဉ်ခြံများဖြစ်တဲ့အတွက် ဥယျာဉ်ခြံတွေထဲမှာ ဘယ်လိုအပင်တွေ အဆောက်အအုံတွေရှိလဲ ဘယ်သူပိုင်လဲ ပိုင်ဆိုင်မှု ဘာတွေရှိလဲဆိုတာကို ကွင်း ဆင်းဆောင်ရွက်ခဲ့တာ”ဟု ၎င်းက ဆို သည်။
လေဆိပ်တိုးချဲ့ရန် လျာထား ဧရိယာတွင်ပါသည့် လမ်းနံဘေးဝဲယာ ဥယျာဉ်ခြံရှင်များက ယခုကဲ့သို့ လေဆိပ် တိုးချဲ့မည့် ကိစ္စနှင့်ပတ်သက်ပြီး ၎င်းတို့ ကို ကြိုအသိပေးသင့်ကြောင်းနှင့် ပြည်သူ့ သဘောထားကို အရင်ခံယူသင့်ကြောင်း ပြောဆိုကြသည်။

“ခြံထဲလာပြီး မြေလာတိုင်းကြတယ်၊ ဘာအတွက် လာတိုင်းတယ်ဆိုတာကို လာတိုင်းတဲ့အဖွဲ့တွေက မပြောဘူး၊ အုပ်ချုပ်ရေးမှူးကတော့ ပြောပြတယ်။ မင်းတို့ခြံတွေက လေဆိပ်တိုးချဲ့ဖို့ လျာ ထားမြေဧရိယာထဲ ပါတယ်။ ကျန်တာ တော့ ဘာမှမပြောလို့ သိလည်း မသိ ဘူး”ဟု ၈မိုင်လမ်းနံဘေးရှိ ခြံပိုင်ရှင် တစ်ဦးက ဆိုသည်။
ယခု လေဆိပ်တိုးချဲ့ရန် လျာထား ဧရိယာတွင် ပါနေသည့် ဥယျာဉ်ခြံများ သည် မြေယာလုပ်ကိုင်ခွင့် လက်မှတ်ရှိ သည့် မြေများဖြစ်ကြောင်း ဥယျာဉ်ခြံရှင် များက ပြောသည်။

မြေပြင်အနေအထား တွေ့ရှိချက်ကို တင်ပြခိုင်းသည့်အတွက် တင်ပြပေးရန် ကွင်းဆင်းတိုင်းတာခြင်းသာဖြစ်ပြီး အသေး စိတ် အချက်အလက်များကို ၎င်းအနေ ဖြင့် ပြော၍မရကြောင်း ကွင်းဆင်းတိုင်း တာပေးသည့် ကော့သောင်းမြို့နယ်မြေစာရင်းဦးစီးဌာနမှ ဒုဦးစီးမှူးက ပြော သည်။

လက်ရှိလေဆိပ် အကျယ်အဝန်းမှာ ၁၆၄ ဧက ရှိပြီး ကွင်းမြောက်ဘက်ခြမ်းကို ချဲ့ရခြင်းမှာ လေယာဉ်အကြီးများ ပျံသန်း သည့်အခါ အရှေ့ဘက်တွင် ထိုင်းလေပိုင် နက်နှင့် နီးကပ်နေသဖြင့် ထိုင်းလေပိုင် နက်ထဲမဝင်အောင် မြောက်ဘက်ကို ရွေးပြီး ချဲ့ရခြင်းဖြစ်ကြောင်း လေကြောင်းပို့ ဆောင်ရေးဦးစီးဌာနက ရှင်းပြသည်။

Share
Facebook Twitter Google+ LinkedIn Pinterest
Next article ရှင်မော်ဘုရားတောင်ကုန်း မြေပြို
Previous article တနင်္သာရီမှာ ဒေါ်အောင်ဆန်းစုကြည်နှင့်ငြိမ်းချမ်းရေး စကားဝိုင်းကျင်းပလျှင်

admin

Related Posts

ဒေါ်အောင်ဆန်းစုကြည် ကော့သောင်းလာမည် ခရီးသွား
February 12th, 2019

ဒေါ်အောင်ဆန်းစုကြည် ကော့သောင်းလာမည်

အင်ဒိုနီးရှား ငါးခိုးဖမ်းသင်္ဘော ဖမ်းမိ စီးပွားရေး
February 12th, 2019

အင်ဒိုနီးရှား ငါးခိုးဖမ်းသင်္ဘော ဖမ်းမိ

ကော့သောင်း ငါးဖမ်းစက်လှေများတွင် အမှိုက်ပုံးနှင့် အမှိုက်အိတ်ဆောင်သည့်စနစ် စတင်ကျင့်သုံး စီးပွားရေး
February 12th, 2019

ကော့သောင်း ငါးဖမ်းစက်လှေများတွင် အမှိုက်ပုံးနှင့် အမှိုက်အိတ်ဆောင်သည့်စနစ် စတင်ကျင့်သုံး

Find Us On Facebook
Facebook
Audio Posts
  • "ကျယ်ပြန့် နက်ရှိင်းစွာ စဉ်းစားပါ "အယ်ဒီတာ အာဘော် တနင်္သာရီရေဒီယို
  • တစ်ပတ်အတွင်း မြန်မာ့သတင်း တနင်္သာရီရေဒီယို
  • တစ်ပတ်တာ သင့်ကံကြမ္မာ တနင်္သာရီရေဒီယို
  • အယ်ဒီတာ အာဘော် တနင်္သာရီရေဒီယို
  • တစ်ပတ်တာ သင့်ကံကြမ္မာ တနင်္သာရီရေဒီယို
Weekly Tags
  • #တနင်္သာရီအပတ်စဉ်
  • #ထားဝယ်
  • Dawei Watch
  • #မြိတ်
  • ထားဝယ်
  • Dawei
  • #တနင်္သာရီရေဒီယို
  • Thailand
  • Mon
  • Myeik
  • #ကော့သောင်း
  • #ပညာရေး
  • #ရေလုပ်ငန်း
  • Student Union
  • #မွန်
  • #မှုခင်း
  • #ဗေဒင်
  • Migrant
  • #ကျန်းမာရေး
  • Travel
Top Views
ဝန်ကြီးချုပ်ကိစ္စ တိုင်းလွှတ်တော်မှ ပြည်ထောင်စုသို့ အစီရင်ခံ၊ လိုအပ်က စွပ်စွဲပြစ်တင်ရန် အသင့် သတင်း

ဝန်ကြီးချုပ်ကိစ္စ တိုင်းလွှတ်တော်မှ ပြည်ထောင်စုသို့ အစီရင်ခံ၊ လိုအပ်က စွပ်စွဲပြစ်တင်ရန် အသင့်

Feb 12th, 2019
ဦးအောင်စိုး၊ ဒေါက်တာလဲ့လဲ့မော်နှင့် ဦးဖြိုးဝင်းထွန်းတို့ကို စစ်ဆေး အရေးယူပေးရန် NLD ဗဟိုသို့ မြိတ်ဒေသခံများ တိုင် ထားဝယ်

ဦးအောင်စိုး၊ ဒေါက်တာလဲ့လဲ့မော်နှင့် ဦးဖြိုးဝင်းထွန်းတို့ကို စစ်ဆေး အရေးယူပေးရန် NLD ဗဟိုသို့ မြိတ်ဒေသခံများ တိုင်

Feb 5th, 2019
ဆလုံ နတ်ဆရာအို၏ နေညိုချိန် အက်ဆေး

ဆလုံ နတ်ဆရာအို၏ နေညိုချိန်

Feb 11th, 2019
ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ကြောင့် တိုင်းလွှတ်တော်အစည်းအဝေး ရက်ရွေ့ ထားဝယ်

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ကြောင့် တိုင်းလွှတ်တော်အစည်းအဝေး ရက်ရွေ့

Feb 11th, 2019
ကြမ္မာငင်ခဲ့တဲ့ မြိတ်ကျွန်းစု အပျော်ခရီး အမြင်

ကြမ္မာငင်ခဲ့တဲ့ မြိတ်ကျွန်းစု အပျော်ခရီး

Feb 7th, 2019
  • ပင်မစာမျက်နှာ
  • သတင်း
  • အမြင်
  • စီးပွားရေး
  • အားကစား/ဖျော်ဖြေရေး
  • ဓလေ့/သမိုင်း
  • ရသ
  • လှုပ်လှုပ်ရှားရှား
  • လမ်းညွှန်
  • Dawei Watch အကြောင်း
  • Back to top
© Dawei Watch 2018. All rights reserved.