ရှင်မော်ဘုရားတောင်ကုန်း မြေပြို

0
465

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထားဝယ်ဒေသရှိ ရှင်ကိုးရှင်ဘုရား တစ်ဆူဖြစ်သည့် ရှင်မော်ဘုရားတောင် ကုန်းတွင် ဩဂုတ်လ ၁ ရက် နံနက် ပိုင်းက မြေပြိုခဲ့သည်။

ထိုနေ့ နံနက် ၅ နာရီခန့်မှ စ၍ ဘုရားတောင်ကုန်း၏ အရှေ့ဘက် သံဃာအဆောင်နှင့် ဂေါပက အဖွဲ့ ရုံးခန်း အဆောင်တို့၏ နောက်ကျောဘက်တွင် အလျား ပေ ၇၀ ခန့် မြေပြိုကျခဲ့ခြင်း ဖြစ်သည်။
“တစ်ခါမှ ဒီလိုတောင်ပြိုတာ မကြုံဖူးသေးဘူး။ ဂေါပက အဆောင်က နည်းနည်းအက်တာလောက်ပဲ ရှိတယ်။ သံဃာဆောင်ကတော့ ပင်လယ်ဘက်ကို စောင်းနေပြီ”ဟု ရှင်မော်ဘုရား ဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးဖေအောင်က ပြောသည်။

ဆက်လက်၍ မိုးအဆက်မပြတ် ရွာသွန်းပါက အဆောင်များ ပြိုကျနိုင် ချေရှိသဖြင့် အဆောင်အတွင်းရှိ ပစ္စည်း များကို သယ်ထုတ်လျက်ရှိကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
မြေပြိုနေသည့်နေရာတွင် ဆက် မပြိုစေရေး ယာယီထိန်းသိမ်းနိုင်ရန် အတွက် မြေတူးစက်များဖြင့် သဲ၊ မြေ၊ ကျောက် စသည်တို့ဖြင့် ပြန်ဖို့မည်ဖြစ် ကြောင်း ယင်းနေရာသို့ ရောက်ရှိ နေသည့် တိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောသည်။

ဇူလိုင်လ နောက်ဆုံးအပတ်အတွင်း ထားဝယ်ခရိုင်တွင် မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ကလည်း ထားဝယ်-ရှင်မော်လမ်းပိုင်းရှိ ကျောက်နီမော်ကျေးရွာတွင် တောင်ပြို ကျခြင်းကြောင့် လူ ၃၀၀ နီးပါး ဘေးလွတ် ရာသို့ ပြောင်းရွှေ့ခဲ့ရဖူးသည်။