ကော့သောင်း မြေပြိုမူကြောင့် ၅ ဦးသေဆုံး

0
373

ကော့သောင်း မြေပြိုမူကြောင့် ၅ ဦးသေဆုံးကော့သောင်းမြို့နယ် ပုလုံးတုံတုံး ကျေးရွာတွင် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး တောင်ခြေရင်းနေအိမ်မှ မိသားစုဝင် ၄ ဦးနှင့် ဆွေမျိုးနီးစပ် ၁ ဦး သေဆုံးခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းသော ကြောင့် ဇူလိုင်လ ၃၀ ရက် နံနက် ၇ နာရီခွဲခန့်တွင် အဆိုပါ ကျေးရွာ၊ စွယ် တော်လမ်း၊ အမှတ် ၁၁ ရပ်ကွက်ရှိ တောင် စောင်းပေါ်မှ မြေပြိုကျခဲ့ခြင်းဖြစ်ပြီး တောင်ခြေရင်းရှိ နေအိမ် ၅ လုံး မြေဖုံး သွားသည်။
အဆိုပါ နေအိမ်များအနက် နေအိမ် တစ်လုံးမှ မိသားစုဝင် ၅ ဦးနှင့် ဆွေမျိုး နီးစပ် အမျိုးသမီးတစ်ဦး မြေပိခဲ့ပြီး အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦး သေဆုံးကာ သားဖြစ်သူမှာ ဒဏ်ရာရရှိပြီး ကော့သောင်းခရိုင်ဆေးရုံကြီးတွင် ဆေးကုသမူ ခံယူလျက်ရှိသည်ဟု ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်းက ဆိုသည်။
အခြားနေအိမ်များတွင်မူ လူမရှိ သောကြောင့် နေအိမ်များသာ ပျက်စီးဆုံး ရှုံးခဲ့သည်။

“မနက်အစောကြီး သစ်ကိုင်းကျိုး ကျသံလို အသံအကျယ်ကြီးကြားလို့ ထွက်ကြည့်တာ တစ်ပြိုင်တည်း မြည် ဟိန်းသံကြီးနဲ့ တောင်ပေါ်က မြေကြီး တွေ နေအိမ်ပေါ် ပြိုကျလာတယ်”ဟု မြေပိသည့် အိမ်များ၏ လမ်းတဖက် မျက်နှာချင်းဆိုင်တွင်နေသည့် ဒေါ်စိုးငယ် က ဆိုသည်။

မြေပြိုကျသည့်နေရာကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သဘာဝ ဘေးစီမံခန့်ခွဲ့မှုအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်အတူ စက်ယန္တရားများ အသုံးပြုကာ စုပေါင်းရှင်းလင်းဖယ်ရှား လျက် ရှိသည်။